မိမိယောကျာ်းကို သတ်ဖို့ ကြေးစားလူသတ်သမား ဌားခဲ့တဲ့ အမျိုးသမီး

2019-12-31 22:20:31


မိမိယောကျာ်းကို သတ်ဖို့ ကြေးစားလူသတ်သမား ဌားခဲ့တဲ့ အမျိုးသမီး

မိမိယောကျာ်းကို သတ်ဖို့ ကြေးစားလူသတ်သမား ဌားခဲ့တဲ့ အမျိုးသမီး


Delia အမည်ရှိ အမျိုးသမီးဟာ ခင်ပွန်းသည် Mike ကိုသတ်ဖို့အတွက် ကြေးစားလူသတ်သမားငှားခဲ့ပါတယ်။

သူတို့ဇနီးမောင်နှံဟာ သိပ်မကြာခင်ကမှ လက်ထပ်ထားတာဖြစ်ပါတယ်။ Mike ဟာ သူ့အိမ်ကို လက်မှတ်ထိုးကာ လွှဲပေးခိုင်းတဲ့ ဇနီးသည်ကို သံသယဝင်နေခဲ့တာဖြစ်ပြီး ဇနီးသည် Delia ဟာ သူမရဲ့အရင်ရည်းစားနဲ့လည်း အဆက်အသွယ်လုပ်နေခဲ့တာဖြစ်ပါတယ်။


ဒါပေမဲ့ ခင်ပွန်းသည်ကို သတ်ဖို့ အကူအညီတောင်းခဲ့တဲ့ သူမအရင်ရည်းစား Mohamed ဟာ ရဲဘက်ကို သတင်းပေးခဲ့သူဖြစ်ပါတယ်။


ထို့နောက်မှာတော့ Delia ဟာ ခင်ပွန်းကိုသတ်ဖို့အတွက် ကြေးစားလူသတ်သမားငှားနေတဲ့ ဗွီဒီယိုဖိုင်ဟာ ထွက်ပေါ်လာခဲ့ပြီး သူမဟာ တရားဥပဒေအရအရေးယူခံခဲ့ရပါတယ်။


သူမရဲ့ပြစ်မှုအတွက် တရားစွဲဆိုခံခဲ့ရပြီး ရုံးချိန်း၃ချိန်းမြောက်မှာတော့ သူမရဲ့ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် ၁၆နှစ်ကျခံခဲ့ရတယ်လို့ သိရပါတယ်။Writer -LLA ( Shwe Yaung Lan )Source-Investigation Discovery