ဖျော်ဖြေနေစဉ် အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ဆပ်ကပ်မယ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့

2019-12-31 22:17:33


ဖျော်ဖြေနေစဉ် အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ဆပ်ကပ်မယ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့

ဖျော်ဖြေနေစဉ် အမြင့်ကနေ ပြုတ်ကျခဲ့တဲ့ ဆပ်ကပ်မယ် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့


ရုရှားနိုင်ငံ၊ Vladivistok မြို့မှာ ဆပ်ကပ်မယ်တစ်ယောက်ဟာ ပရိသတ်ကို ဖျော်ဖြေနေစဉ်မှာ ရုတ်တရက် အမြင့်ကနေ ပြုတ်ကျခဲ့တဲ့အတွက် အခုဆိုရင် ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသမီးအမည်မှာ Yelena Prikhodskaya လို့ သိရပါတယ်။


Yelena ဟာ အသက်(၃၀)နှစ်ဖြစ်ပြီး၊ အမြင့်ပေ(၂၀)လောက်ကနေ ဖျော်ဖြေနေစဉ်အတွင်းမှာ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ သူမဟာ ကြိုးတန်းစတန့်ကွက်နဲ့ ကပြနေစဉ်မှာ လက်က ခိုင်မြဲစွာဆုပ်ကိုင်ထားတဲ့ ကြိုးကို မကိုင်နိုင်တော့ဘဲ လွတ်သွားခဲ့တာပါ။


အောက်ကို ခြေပစ်လက်ပစ် ပြုတ်ကျသွားတဲ့ Yelena ဟာ ချက်ချင်းသတိမေ့သွားပြီး၊ လုပ်ဖော်ကိုင်ဘက်တွေက ဆေးရုံကို အမြန်ပို့ပေးခဲ့ရပါတယ်။ သွားကြည့်ခဲ့တဲ့ ပရိသတ်တစ်ဦးက ” ဒီလိုက ဖြစ်ခဲပါတယ် … ပရိသတ်ကလည်း အတော်လေး အံ့သြနေကြတယ် “လို့ ပြောပါတယ်။



Yelena ဟာ အရေးပေါ်ဌာနမှာ ဆက်လက်စောင့်ကြည့်နေရဆဲလို့ သိရပါတယ်။ အခုအဖြစ်အပျက်ဟာ ကလေးတွေအများစုကို ဖျော်ဖြေတဲ့ပွဲဖြစ်ပြီး၊ Vladivostok State Circus ဆပ်ကပ်ရုံမှာ တင်ဆက်ပြသခဲ့တာပါ။ ရဲတပ်ဖွဲ့ကလည်း အခင်းဖြစ်စဉ်ကို စစ်ဆေးနေကြောင်း သိရပါတယ်။


နေသူရိန် (D Nae Khit)