ညီမရဲ့ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ သတို့သမီးရဲ့ဗီဒီယိုဖိုင်ကို မင်္ဂလာပွဲမှာ ပြခဲ့တဲ့သတို့သား

2019-12-30 22:27:02


ညီမရဲ့ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ သတို့သမီးရဲ့ဗီဒီယိုဖိုင်ကို မင်္ဂလာပွဲမှာ ပြခဲ့တဲ့သတို့သား

ညီမရဲ့ခင်ပွန်းနဲ့ ဖောက်ပြန်တဲ့ သတို့သမီးရဲ့ဗီဒီယိုဖိုင်ကို မင်္ဂလာပွဲမှာ ပြခဲ့တဲ့သတို့သား


သတို့သမီးတစ်ယောက်ဟာ မင်္ဂလာပွဲနေ့မှာတောင် မရှောင် သူမရဲ့ညီမဖြစ်သူ ခင်ပွန်းဖြစ်သူနဲ့ အိပ်ခန်းထဲမှာ အချစ်ပလူးခဲ့ပါတယ်။ ဒါကို သတို့သားဖြစ်သူက သက်သေဗွီဒီယို/ဓာတ်ပုံ အခိုင်အမာ ရယူပြီး သတို့သမီးရဲဲ့လုပ်ရပ်ကို ပြန်လည်မျှဝေခဲ့ပါတယ်။


ဒီဗွီဒီယိုဖိုင်ကို သတို့သားက သူတို့နှစ်ယောက် မင်္ဂလာစင်မြင့်ထက်မှာ လျှောက်လှမ်းပြီး နေရာယူပြီးချိန်မှာ သတို့သမီးဖောက်ပြန်ထားတဲ့ HD ဗွီဒီယိုဖိုင်ကို အများသိအောင် ပြသပြီး အရှက်ခွဲခဲ့ပါတယ်။ မင်္ဂလာစင်မြင့်ထက်မှာ သတို့သားနဲ့ သတို့သမီးတို့ အပြန်အလှန် ထိုးကြိတ် ရိုက်နှက်ခဲ့ပါတယ်။


ဒီအကြောင်းကို မူလမျှဝေထားတဲ့ သတင်း Page ကတော့ KL吹水站 အမည်ရ Facebook Page မှ ဖြစ်ပါတယ်။ ဗွီဒီယိုမပြခင်မှာ မိုက်ကရိုဖုန်းကနေ အမျိုးသမီးတစ်ဦးက ပရိသတ်များ အာရုံစိုက်ပြီးကြည့်ကြဖို့ ကြေညာခဲ့ပြီး၊ သတို့သမီးနဲ့ မက်ဖြစ်သူတို့ အချစ်ဇာတ်လမ်းကို ပြခဲ့တာပါ။


သူတော်ကောင်းယောင်ဆောင်ထားတဲ့ သတို့သမီးဟာ သူမရဲဲ့လုပ်ရပ်ကို ဘယ်သူမှ မသိဘူးထင်ထားပေမယ့် သတို့သားက ပန်ကာထက်က ဝက်အူဖြစ်နေခဲ့တာပါ။ သူမနဲ့ မက်ဖြစ်သူတို့ တိတ်တိတ်ပုန်း အချစ်ဇာတ်လမ်းကိုလည်း နှစ်ဘက်မိဘတွေသာမက ညီမဖြစ်သူက အခုမှ သိခဲ့ရတာပါ။


အဆိုပါ သတို့သမီးလောင်းဟာ သတို့သားနဲ့အိမ်မှာ အတူတူနေနေသူဖြစ်ပြီး၊ သူမရဲ့ ဖောက်ပြန်မှုကို သိရှိလို့ နေအိမ်မှာ CCTV လျှို့ဝှက်တပ်ဆင်ခဲ့ပါတယ်။ ဒါကို သတို့သမီးက မသိဘဲ မက်ဖြစ်သူကို အိမ်အထိခေါ်ပြီး ရဲတင်းစွာကဲခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် မင်္ဂလာပွဲလည်း ပျက်ခဲ့ရပြီး သတို့သမီးလည်း နှစ်ဘက်ဆွေမျိုးရဲ့ တံထွေးခွက်မှာ မျှောရပါတော့တယ်။


လင်းဇော်ကို (D Nae Khit)