ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ထရပ်ကားဗုံးကွဲ၍ အနည်းဆုံး လူ ၆၁ ဦး သေဆုံး

2019-12-30 14:52:08


ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ထရပ်ကားဗုံးကွဲ၍ အနည်းဆုံး လူ ၆၁ ဦး သေဆုံး

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ထရပ်ကားဗုံးကွဲ၍ အနည်းဆုံး လူ ၆၁ ဦး သေဆုံး


ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမှာ ထရပ်ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသူဦးရေဟာ အနည်းဆုံး ၆၁ ဦး ရှိပြီဟု အရေးပေါ်ဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

ဒဏ်ရာရသူပေါင်း ၅၀ ကျော်ထက်မနည်းရှိတယ်လို့ ညွှန်ကြားရေးမှူး အက်ဒီရတ်မန်းက ပြောပါတယ်။


ဒီ ထရပ်ကားဗုံးခွဲ တိုက်ခိုက်မှုဟာ မြို့တော်မှာ မကြာသေးခင် အချိန်အတွင်း အသေအဆုံး အများဆုံးပဲ ဖြစ်ပါတယ်။

ဆေးရုံ အသည်းအသန် တင်ပို့ရသူ နှစ်ဆယ်ကျော်ထက်မနည်း ရှိနေတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်တယ်လို့ အစိုးရ ပြောခွင့်ရသူ မူခတာက အေပီသတင်းဌာနကို ပြောပါတယ်။

အခင်းဖြစ်ရာကို ရောက်နေတဲ့ မြို့တော်ဝန် မိုဟာမတ်မိုဟာမက်က ကလေးတွေ အပါအဝင် အနည်းဆုံး လူ ၉၀ ကျော် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

 

တူရကီနိုင်ငံသားနှစ်ဦးနဲ့ တက္ကသိုလ်ကျောင်းသား အများအပြား သေဆုံးကြတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ နံနက်ခင်း ရုံးသွားရုံးလာ ရှုပ်ထွေးနေချိန် အခွန်ကောက်ရုံးကို ပစ်မှတ်ထားပြီး ဖောက်ခွဲတာလို့ ဗိုလ်ကြီး မိုဟာမတ်ဟူစိန်က ဆိုပါတယ်။


ပေါက်ကွဲမှု ဖြစ်ရာမှာ ယာဉ်အပျက်အစီး အကျိုးအပဲ့တွေနဲ့ သေဆုံးအလောင်းတွေ မြေပေါ် ပြန့်ကျဲနေတာကို မြင်တွေ့ရပါတယ်။

မြို့တော်ဝေဟင်ထက် မီးခိုးလုံးကြီးတွေ ဝေ့တက်နေတာကိုလည်း မြင်တွေ့ရပါတယ်။ အခု တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အုပ်စုကမှ ၎င်းတို့လက်ချက် ဖြစ်ကြောင်း ကြေညာချက် မထုတ်ပြန်သေးပေမယ့် အယ်ခေဒါနဲ့ ဆက်စပ်တဲ့ အယ်ရှာဘတ်က အလားတူ တိုက်ခိုက်မှုမျိုးတွေ ကျူးလွန်လေ့ ရှိပါတယ်။



မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား

၂၀၁၇ အောက်တိုဘာက မိုဂါဒစ်ရှူးမှာ ဖြစ်ပွားခဲ့တဲ့ လူပေါင်း ၅၀၀ ကျော် သေဆုံးတဲ့ ထရပ်ကားဗုံးခွဲမှုမှာ အယ်ရှာဘတ်တွေကို အပြစ်တင်ထားတာလည်း ဖြစ်ပါတယ်။ ယင်းအဖွဲ့လည်း ၎င်းတို့ ကျူးလွန်ကြောင်း ထုတ်ပြန်ခဲ့တာကြောင့် ပြည်သူအများ စိတ်ဆိုးဒေါသထွက်ခဲ့ကြပါတယ်။


Rf; nzherald.co.nz

Writer_ မောင်သံဆင့်(XYZ News)