ဘဲကြီးတွေဆီကရတဲ့iPhoneအလုံး20ကိုရောင်းပြီး အိမ်ဝယ်ခဲ့တဲ့အမျိုးသမီး

2019-12-30 14:51:22


ဘဲကြီးတွေဆီကရတဲ့iPhoneအလုံး20ကိုရောင်းပြီး အိမ်ဝယ်ခဲ့တဲ့အမျိုးသမီး

ဘဲကြီးတွေဆီကရတဲ့iPhoneအလုံး20ကိုရောင်းပြီး အိမ်ဝယ်ခဲ့တဲ့အမျိုးသမီး


ရုုရှားအမျိုးသမီးတစ်ယောက်ဟာ ချစ်သူ အယောက် 20 ဆီက လက်ဆောင်အဖြစ် ရရှိတဲ့ iPhone အလုံး 20 နဲ့ အခြား ပစ္စည်းပစ္စယ 7 မျိူးကို ပြန်လည်ရောင်းချပြီး၊ အိမ်တစ်လုံး ၀ယ်ယူခဲ့တယ်လို့ သိရပါတယ်။ BBC မှာ ဖော်ပြထားချက်အရ တော့ ဒီကိစ္စဟာ တရုတ်နိုင်ငံမှာ တကယ်ဖြစ်ခဲ့ပြီး ကာယကံရှင် မိန်းမပျိုရဲ့အမည်ကိုတော့ ပုဂ္ဂိုလ်ရေးအရ ထုတ်ဖော်ခြင်း တော့ မရှိပါဘူး။

 

တကယ်တော့ သူမမှာ မယ်မယ်ရရ အလုပ်အကိုင်ပင် မရှိသလို၊ မိဘမျိုးရိုးကလည်း အလွန်ဆင်းရဲကြောင်း တရုတ် ဆိုရှယ်မီဒီယာ Proud Qiaoba က ဖော်ပြခဲ့ပါတယ်။ သို့ပေမယ့် သူမရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဟာ မော်ဒယ်တွေ ရှုံးလောက်အောင် လှပပြီး၊ ဒါကိုလည်း သူမက ကောင်းကောင်းအသုံးချခဲ့တယ်လို့ ယင်းမီဒီယာက ဖော်ပြထားပါတယ်။

 

ကာယကံရှင်အမျိုသမီးကိုယ်တို်င်က နီးစပ်သူတစ်ချို့ကို သူမ ၀ယ်ယူထားတဲ့ အိမ်အထိ ဖိတ်ခေါ် ဧည့်ခံခဲ့ပြီး၊ အိမ်ကို ရောက်ဖူးကြသူတိုင်း ပါးစပ်အဟောင်းသား ဖြစ်စေခဲ့သည်အထိ အိမ်ထဲမှာ ဇိမ်ခံပစ္စည်းတွေနဲ့ ပြည့်နှက်နေကြောင်း သိရပါတယ်။ သူမကိုယ်တိုင်ကလည်း အဖြစ်မှန်ကို ရင်းနီးသူတွေကို ၀န်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။


သူမက အပေါင်းအသင်းတွေကို သူမမှာ ငွေကြေးချမ်းသာတဲ့ ရည်းစား အယောက် 20 အထိ ရှိကြောင်း၊ တစ်ယောက်ချင်း ဆီကို နောက်ဆုံးပေါ် iPhone 7 တစ်လုံးဆီ လက်ဆောင်ပေးဖို့ တောင်းခဲ့ကြောင်း၊ ဒါ့အပြင် အခြားစျေးကြီးတဲ့ဖုန်း 7 လုံးကိုလည်း လက်ခံရရှိခဲ့ကြောင်းဆိုပါတယ်။


မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား

ယင်းဖုန်းတွေကို မိုဘိုင်းဖုန်းလှဲလှယ်ရောင်းဝယ်ရေးကုမ္မဏီ ဆီကို သွားရောက် ရောင်းချခဲ့ရာမှ အမေရိကန်ဒေါါ်လာ ၂၀၀၀၀ ရခဲ့ကြောင်းဆိုပါတယ်။ တစ်ချို့ကလည်း ဒီအမျိုးသမီးဟာ တစ်ခြားမရိုးမသား နည်းနဲ့ ပိုက်ဆံရှာပြီး၊ ကလိမ်စေ့ညမ်းဆင်ကာ မိမိလုပ်ရပ်တွေကို ဖုံးကွယ်ထားတာလို့ စွပ်စွဲခဲ့ကြပါတယ်။