တရုတ်က ဉာဏ်ရည်မမီတာကြောင့် နည်းပညာလောကမှာ အမေရိကန် ကြီးစိုးထားတာလို့ ထရမ့် လှောင်ပြောင်

2019-12-30 14:49:37


တရုတ်က ဉာဏ်ရည်မမီတာကြောင့် နည်းပညာလောကမှာ အမေရိကန် ကြီးစိုးထားတာလို့ ထရမ့် လှောင်ပြောင်

တရုတ်က ဉာဏ်ရည်မမီတာကြောင့် နည်းပညာလောကမှာ အမေရိကန် ကြီးစိုးထားတာလို့ ထရမ့် လှောင်ပြောင်


တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ Silicon Valley နည်းပညာဇုန်က ဉာဏ်ကို အမှီမလိုက်နိုင်ဘဲ ၀ါးလုံးခေါင်းထဲ လသာနေတာကြောင့် အမေရိကန်ဟာ နည်းပညာမှာ ကြီးစိုးထားတာဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့က ပြောပါတယ်။

 

တရုတ်နှင့်် မက္ကဆီကိုနိုင်ငံအပေါ် စည်းကြပ်ခွန်ကိစ္စကနေ ဥရောပသမဂ္ဂမှာ နည်းပညာ စည်းမျဉ်းတင်းကြပ်တာအထိ ကိစ္စမျိုးစုံနဲ့ ပတ်သက်ပြီး CNBC နဲ့ အင်တာဗျူးမှာ ထရမ့်က ပြောခဲ့တာ ဖြစ်ပါတယ်။


နည်းပညာပိုင်း 5G wireless network မှာ တရုတ်က အမေရိကန်ကို ကျော်နင်းသွားလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို ထရမ့်က ခဝါချခဲ့ပါတယ်။


“တရုတ်ဟာ သူ့အထွာနဲ့ သူ့တော့ အတော် ဟုတ်နေတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ Silicon Valley က ဉာဏ်ရည်နားတောင် မသီနိုင်ပါဘူး။ ဒါကို သူတို့ကိုယ်တိုင်လည်း မသိမသာ ၀န်ခံနေတာပဲ။”လို့ ထရမ့်က ပြောပါတယ်။


မိတ်ဆွေ အခုလိုနည်းပညာတွေ တိုးတက်နေတဲ့ခေတ်ကြီးမှာ အရင်လို ၂လုံး၃လုံးထိုးနေတုန်းဘဲလား? အဆင်မပြေရင် ဒီ app လေးပြောင်းသုံးကြည့်ပါလား

အမေရိကန်နဲ့ တရုတ်ကြားက နည်းပညာစစ်အေးတိုက်ပွဲဟာ အထွဋ်အထိပ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတော်က သူလျှိုလုပ်ငန််းအတွက် စပွန်ဆာပေးထားပြီး အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ရတဲ့ ဟွာဝေးလို ကုမ္ပဏီမျိုးနဲ့ အမေရိကန်နည်းပညာကုမ္ပဏီတွေ အလုပ်တွဲလုပ်တာကို အမေရိကန်က တားမြစ်ခဲ့ပြီးကတည်းကပါ။


ဟွာဝေးကတော့ အမေရိကန်ရဲ့ ၎င်းကို ပိတ်ဆို့တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွားဘဲ ထိခိုက်မှာ ဖြစ်ပြီး အမေရိကန်ဟာ 5G ကွန်ရက်မှာ နောက်ကောက်ကျ ကျန်နေမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။


မကြာသေးမီက ရုရှရဲ့ အကြီးဆုံး နက်ဝက်ဂ်တည်ထောင်တဲ့ ကုမ္ပဏီကြီးတစ််ခုဟာ ၂၀၁၉ နဲ့ ၂၀၂၀ မှာ 5G အင်တာနက် ထူထောင််ဖို့ ဟွာဝေးနဲ့ သဘောတူလက်မှတ်ထိုးထားပါတယ်။


ဒါပေမယ့် ထရမ့်ကတော့ 5G နက်ဝက်ဂ်ဖြန့််ကြက်မှုမှာ ခဏတွင်းမှာပဲ အမေရိကန်က ဦးဆောင်နေရာမှာ ရှိလာမယ်လို့ ပြောပါတယ်။


အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားမှာ ၂၀၁၈ မတ်လကစပြီး တစ်နိုင်ငံရဲ့ ကုန်စည်ကို တစ်နိုင်ငံက သွင်းကုန်ခွန် တိုးမြှင့်ပြီး ကုန်သွယ်ရေး တင်းမာနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက အမေရိကန်ဟာ တရုတ်ကုန်စည်တွေအပေါ် အခွန် ၂၅ ရာခိုင််နှုန်းအထိ တိုးမြှင့်လိုက်ပါတယ်။


အဲဒီလို ပြင်းထန်တဲ့ စည်းကြပ်ခွန်ကြောင့် တရုတ်ကို အလဲသိပ်ပြီး အမေရိကန်က အောင်မြင်စွာ အသာစီး ရခဲ့တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။


Rf; Business Insider

Writer_ မောင်သံဆင့်