ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီဗာပူးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ (ရုပ်သံ)

2019-12-22 10:47:45


ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီဗာပူးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ (ရုပ်သံ)

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လီဗာပူးအသင်း ပထမဆုံးအကြိမ်ဗိုလ်စွဲ (ရုပ်သံ)


ကာတာနိုင်ငံ ဒိုဟာမှာကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ လီဗာပူးက ဘရာဇီးကလပ် ဖလာမင်ဂိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပထမဆုံးအကြိမ်အဖြစ် ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။


လီဗာပူးကဒီပွဲမှာ ဂိုးသွင်းခွင့် အခွင့်အရေး တော်တော်များများရပေမယ့် အဆုံးသတ် မသေချာတာနဲ့ ဖလာမင်ဂို ဂိုးသမား လက်စွမ်းပြနိုင်လို့ ဦးဆောင်ဂိုးနဲ့ လွဲနေတာပါ။


ဖလာမင်ဂိုအသင်းဘက်ကလည်း ထိုးဖောက် ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် မိနစ် ၉၀ အထိ ဂိုးမရှိ သရေကျခဲ့လို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။


အချိန်ပို ပထမပိုင်းမှာ ၉၉ မိနစ်မှာ လီဗာပူးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ဖာမီနိုက အပိုင်ကန်သွင်းယူပါတယ်။ ဒီပွဲမှာ ဖာမီနို ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။


လီဗာပူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိက ချန်ပီယံကို အနိုင်ယူပြီး ပထမဆုံးအကြိမ် ရယူနိုင်တာပါ။


ဖီဖာရဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပရီးမီးယားလိဂ် အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက် ပြီးရင် လီဗာပူးက ဒုတိယမြောက် ရယူနိုင်တာ ဖြစ်ပါတယ်။


DVB