အောင်လအန်ဆန်နဲ့ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မည့်ပွဲ လက်မှတ်ပေါက်ဈေး(၁)သိန်းမှ သိန်း(၂၀)အထိရှိ

2019-08-08 10:43:30


အောင်လအန်ဆန်နဲ့ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မည့်ပွဲ လက်မှတ်ပေါက်ဈေး(၁)သိန်းမှ သိန်း(၂၀)အထိရှိ

အောင်လအန်ဆန်နဲ့ ဘရန်ဒန် ဗီရာတို့ ထိုးသတ်မည့်ပွဲ လက်မှတ်ပေါက်ဈေး(၁)သိန်းမှ သိန်း(၂၀)အထိရှိ


One Championship ဝိတ်တန်းနှစ်ခု ချန်ပီယံတွေဖြစ်ကြတဲ့ အောင်လအန်ဆန် နဲ့ ဘရန်ဒန် ဗီရာ တို့ဟာ Light Heavy Weight ချန်ပီယံဆုအတွက် လာမည့် အောက်တိုဘာလ (၁၃) ရက်နေ့၊ ဂျပန်နိုင်ငံမှာ ထိုးသတ်သွားတော့မှာဖြစ်ပါတယ်


အောင်လအန်ဆန် နှင့် ဘရန်ဒန် ဗီရာတို့သတ်မယ့်ပွဲအတွက် အွန်လိုင်းမှတစ်ဆင့် လက်မှတ်များကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်များမှာလည်း A,AB,အဆင့်မှ VVIP အထိသတ်မှတ်ထားပြီး မြန်မာငွေအားဖြင့် ၁ သိန်းမှ သိန်း(၂၀) အထိပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။




အသက် ၄၁ ဘရန်ဒန် ဗီရာဟာ ပြီးခဲ့တဲ့မတ်လ ၃၁ ရက်နေ့က အောင်လအန်ဆန်က ဂျပန်နိုင်ငံတိုကျိုမြို့မှာ “ကန်ဟာဆီဂါဝါ” ကိုအနိုင်ယူခဲ့ပြီးနောက် လှောင်အိမ်ထဲ့မှာ အောင်ပွဲခံနေစဉ် ဟဲဗီးဝိတ်ချံပီယံ “ ဘရန်ဒန် ဗီရာ” က လှောင်အိမ်ထဲဝင်လာပြီး “အောင်လအန်ဆန်”ကို လိုက်ဖ်ဟဲဗီးဝိတ်တန်းကိုထိုးသတ်ဖို့အတွက် တလေးတစားနဲ့ စိန်ခေါ်သွားခဲ့ပါတယ်။




အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်ကလည်း ဘရန်ဒန် ဗီရာ၏ စိန်ခေါ်မှုကိုတုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ခံခဲ့ပါတယ်။မြန်မာ့စပါးအုံးအောင်လအန်ဆန်” က ONE Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်နှစ်ခုရဲ့ ကမ္ဘာ့ချံပီယံဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ကစားသမားမှတ်တမ်းအရ (၂၅)ပွဲနိုင် (၁၀)ပွဲရှုံးနိမ့်ထားပါတယ်။ လက်ရှိမှာတော့ ၆ ပွဲဆက်တိုက်အနိုင်ရထားသူဖြစ်ပါတယ်။




အမေရိကန်နဲ့ ဖိလစ်ပိုင်နိုင်ငံသားအဖြစ်ခံယူထားတဲ့ “ဘရန်ဒန် ဗီရာ” ဟာ လက်ရှိ ONE Championship ရဲ့ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချံပီယံဖြစ်ပါတယ်။ ‘ဘရန်ဒန်’ ကအမေရိကန်လေတပ်က စစ်မှူထမ်းဟောင်းဖြစ်ခဲ့ဖူးပြီး လက်မောင်ဒဏ်ရာကြောင့် ၁၉၉၉ ခုနှစ်မှာ စစ်တပ်ကအနားယူခဲ့ပါတယ်။


မြန်မာ့စပါးအုံး အောင်လအန်ဆန်နှင့် ဟဲဗီးဝိတ်ချံပီယံ ဘရန်ဒန် ဗီရာတို့ထိုးသတ်မယ့် ပွဲကြီးကိုလာမည့် အောက်တိုဘာလ (၁၃) ရက်နေ့ ဂျပန်နိင်ငံမှာထိုးသတ်သွားမှာဖြစ်ပြီး ဂျပန်မှာရှိတဲ့ မြန်မာတွေလည်း အားပေးကြဖို့တိုက်တွန်းလိုက်ချင်ပါတယ်။