ယာဉ်မောင်းအိပ်ငိုက်ပြီး (၁၂)ဘီးယာဉ် ယာဉ်တိမ်းမှောက်

2019-07-26 14:38:12


ယာဉ်မောင်းအိပ်ငိုက်ပြီး (၁၂)ဘီးယာဉ် ယာဉ်တိမ်းမှောက်

၂၅.၇.၂၀၁၉ ရက်နေ့၊ (၁၅း၀၀) အချိန်ခန့်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်း-ဟဲဟိုး အကြား တီကောင်တောင် အလယ်ကွေ့တွင် နမ့်စမ်မှ ရန်ကုန်သို့ နာနတ်သီးများတင်ဆောင်မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်သည်


ယာဉ်မောင်းအိပ်ငိုက်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟဲဟိုးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁၉၁) (၁)စီး၊ သန္ဓေ(၁၉)ဦး၊ အရန် (၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ


ကားရှေ့ခေါင်းခန်းတွင်ညပ်နေသော ယာဉ်မောင်းအား (၁၆း၀၀) အချိန်တွင် အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ပြီး အင်းခေါင်းလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ဟဲဟိုးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။


Myanmar Fire Services Department