စပါးအသင်းရဲ့စပွန်ဆာကုမ္ပဏီ AIAကမြန်မာနေရှင်နယ်လိဂ်ကိုစပွန်ဆာပေးမည်။

2019-12-18 11:18:12


စပါးအသင်းရဲ့စပွန်ဆာကုမ္ပဏီ AIAကမြန်မာနေရှင်နယ်လိဂ်ကိုစပွန်ဆာပေးမည်။

စပါးအသင်းရဲ့စပွန်ဆာကုမ္ပဏီ AIAကမြန်မာနေရှင်နယ်လိဂ်ကိုစပွန်ဆာပေးမည်။


တစ်နှစ်စတင် ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး နောက်ထပ် နှစ်ပေါင်းများစွာ ကူညီပံ့ပိုးပေးနိုင်ဖို့အထိ ရည်ရွယ်ထားတယ် လို့ သိရပါတယ်။အသက်အာမခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ AIA ကုမ္ပဏီက ပြည်တွင်းမှာရှိတဲ့ AFG ကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနေရှင် လိဂ် ပြိုင်ပွဲကို စပွန်ဆာ ပေးအပ်သွားမယ်လို့ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ တရားဝင် ကြေညာခဲ့ပါတယ်။ယခု သဘောတူညီချက်မှာတော့ ငွေကြေးတန်ဖိုး တစ်ခု ပါဝင်ပေမယ့်လည်း နှစ်ဖက် သဘောတူညီမှုအရ ထုတ်ဖော်ပြောလိုခြင်းမရှိဘူးလို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က မီဒီယာတွေကို ပြောပါတယ်။


“ ကျွန်တော်တို့ ပမာဏကိုတော့ မပြောပါရစေနဲ့၊ဒါပေမယ့် သေချာပါတယ် အခု စပွန်ဆာကြောင့် ကျွန်တော်တို့ ကလပ်အသင်းတွေ အရင်နှစ်တွေထက် ဒီနှစ်မှာ ထောက်ပံ့ငွေ ပိုမိုရလာနိုင်မှာ ဖြစ်သလို ကစားသမားတွေအနေနဲ့ လည်း အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ အာမခံချက်တွေ ရရှိလာနိုင်မှာပါ။”လို့ ဦးစိုးမိုးကျော်က ပြောခဲ့ပါတယ်။မြန်မာနေရှင်နယ်လိဂ်ကို အခုချိန်က စတင်ပြီး ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပြီး နောက်ထပ် နှစ်ပေါင်းများစွာ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ AIA မြန်မာရဲ့ စီအီးအို မစ္စတာလုစ်က ပြောပါတယ်။


“ ကျွန်တော်တို့ အခုကစပြီး မြန်မာ့ဘောလုံးလောကကို ကူညီပေးသွားမှာပါ။ဒီလိုကူညီရတာကလည်း မြန်မာနိုင်ငံ ရဲ့ သည်းခြေကြိုက် အားကစားနည်းဖြစ်တာကြောင့် အဓိကဖြစ်ပါတယ်။ဒီအတွက်လည်း ဘောလုံးကို ပံ့ပိုးရတာ အင်မတန်ဂုဏ်ယူပါတယ်။နောက်ထပ် အံ့အားသင့်ဖွယ် လုပ်ဆောင်ချက်တွေကိုလည်း မြန်မာနိုင်ငံကို သယ်ဆောင်လာဖို့ ရှိလို့ ရင်ခုန်စွာနဲ့ ဆက်လက်စောင့်စားပေးကြပါ။”လို့ ပြောခဲ့ပါတယ်။AIA ကုမ္ပဏီကတော့ အားကစား ပရိသတ်တွေ သိထားတဲ့အတိုင်း အင်္ဂလန် ပရီးမီးယားလိဂ်က လန်ဒန်အခြေစိုက် ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းကို ကမ္ဘာလုံးဆိုင်ရာ အဓိကပံ့ပိုးသူအဖြစ် ကူညီပံ့ပိုးပေးထားတဲ့ ကုမ္ပဏီ လည်း ဖြစ်ပါတယ်။Credit@