ဒုတ်တစ်ချောင်းနဲ့အယုဒ္ဓယကို တက်သိမ်းခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ပိုင်တံခွန်

2019-08-07 22:50:05


ဒုတ်တစ်ချောင်းနဲ့အယုဒ္ဓယကို တက်သိမ်းခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ပိုင်တံခွန်

ပိုင်တံခွန်ဟာဆိုရင် မြန်မာတွေအတွက်ကတော့ ဆယ်ကျော်သက်လူပျိုပေါက်ဘဝကတည်းက ပရိသတ်တွေမျက်စိရှေ့မှာကြီးပြင်းလာခဲ့တဲ့ မျက်နှာချိုချိုနဲ့မော်ဒယ်ကောင်လေးလို့ဆိုရမှာပါ။ အခုနောက်ပိုင်း အသက်ကြီးလာတာနဲ့အမျှ အတောင်အလက်တွေစုံလာပြီးခန္ဓာကိုယ်ပေါ်မှာတက်တူးတွေအများကြီးနဲ့ ဆံပင်အရှည်ကြီးနဲ့




ကောင်မလေးတွေရဲ့အသည်းစွဲ ယောက်ျားပီသတဲ့ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်လာတဲ့ ပိုင်တံခွန်ဟာ အခုဆိုရင်တော့ မြန်မာနိုင်ငံမှာတင်မဟုတ်ပဲ အာရှတစ်လွှားမှာ အရူးအမူးအားပေးတဲ့ ပရိသတ်တွေရှိနေပြီဖြစ်ပြီး လတ်တလောမှာတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက အမျိုးသမီးတွေရဲ့အသည်းနှလုံးကို အပိုင်သိမ်းထားလိုက်ပါပြီ။


ပိုင်တံခွန်ဟာ ထိုင်းမှာနာမည်ကျော်ကြားပြီး လျှမ်းလျှမ်းတောက်ဖြစ်နေခဲ့တာ လပိုင်းလောက်ရှိပြီဖြစ်ပြီး သွားစွယ်လေးတွေနဲ့ မျက်ဝန်းကြည်ကြည်လေးနဲ့ မော်ဒယ်ကောင်လေးက ဘယ်သူမှထင်မှတ်မထားလောက်အောင်ကို ထိုင်းပျိုမေတွေရဲ့နှလုံးသားထဲမှာ နေရာတစ်နေရာအခိုင်အမာကိုရယူထားခဲ့ပါပြီ




ပိုင်တံခွန်က မကြာသေးမီက ထိုင်းမှာသွားပြီး Fan Meeting လုပ်ခဲ့ပါတယ်။ အဲဒီ Fan Meeting လက်မှတ်ဟာလည်း မြန်မာငွေသိန်းဂဏန်းဝန်းကျင်ရှိပြီး အဲဒီလိုဈေးကြီးတာတောင်မှ ထိုင်းပျိုမေတွေက မရမကဝယ်ပြီး ကြိတ်ကြိတ်တိုးတက်ရောက်ခဲ့ကြတာပါ။


ပိုင်တံခွန်ကလည်း ပရိသတ်တွေကို Fan Meeting လာရတာနဲ့တန်အောင် တရင်းတနှီးစကားတွေပြော ပြုံးရယ်ပြီး လက်လေးတွေကိုင်ပေး ရင်ခွင်ထဲမှာထားပေးနဲ့ Fan Service အပြည့်အဝပေးခဲ့ပြီးပျော်ရွှင်စရာအချိန်လေးတွေကိုကုန်ဆုံးခဲ့ကြပါတယ်။ ပိုင်တံခွန်ရဲ့ လျှမ်းလျှမ်းတောက်အောင်မြင်သွားခဲ့တဲ့ Fan Meeting အတွက် မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း ဂုဏ်ယူနေကြသလို




အချို့ပရိသတ်တွေက ပိုင်တံခွန်ကို ချစ်စနိုးနဲ့စနောက်နေကြတာကိုလည်းတွေ့ရပါတယ်။ ပိုင်တံခွန် ထိုင်းမလေးတွေနဲ့ အတူတူတွဲရိုက်ထားတဲ့ဓာတ်ပုံကို ပရိသတ်တွေက “ဒုတ်တစ်ချောင်းနဲ့ အယုဒ္ဓယကို တက်သိမ်းခဲ့တဲ့ ပိုင်တံခွန်”ဆိုပြီး အလောင်းမင်းတရားကြီးရဲ့ သွေးအပြည့်ပါတယ်လို့ ချစ်စနိုးနဲ့စနောက်နေကြတာပါ။


comment တွေမှာရော post တင်ပြီးတော့ရောအဲဒီလိုစနောက်နေကြတာကို ပိုင်တံခွန်ကတော့ ဘာမှတုံ့ပြန်ခြင်းမရှိသေးပါဘူး။ပိုင်တံခွန်အနေနဲ့ ထိုင်းမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးသွားခြင်းဟာ အခြားသောအာရှနိုင်ငံတွေကိုပါ အနုပညာသွားလုပ်ဖို့လမ်းပွင့်သွားစေခဲ့သလို