နည်းပညာဝန်ကြီးဌာနရဲ့ဖိအားပေးခြင်းခံနေရတဲ့ အင်ဒိုက PUPG streamer မလေး

2019-07-26 14:37:26


နည်းပညာဝန်ကြီးဌာနရဲ့ဖိအားပေးခြင်းခံနေရတဲ့ အင်ဒိုက PUPG streamer မလေး

Game တွေကို streaming လုပ်နေတဲ့ YouTuber မလေး Kimi Hime ကတော့ သူ့နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဆက်သွယ်ရေးနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ပြင်းပြင်းထန်ထန်သတိပေးခြင်းကို ခံနေရပါတယ်ဆိုပြီး The Jakarta Post မှာ ဖော်ပြထားပါတယ်။ ဌာနမှပြောကြားချက်အရတော့ သတိပေးစာကို Kimi Hime ရဲ့ e-mail မှရော Instagram message ကနေရောပါ တင်္နလာနေ့တုန်းပို့ခဲ့ပါတယ်တဲ့။ သတိပေးစာထဲမှာ Kimi Hime ကို ဌာနကို လာခိုင်းပြီး ဆွေးနွေးဖို့ အဓိကပါနေပြီး အကယ်၍ အမြန်ဆုံးမလာခဲ့ပါက သူမရဲ့ ဗီဒီယိုမှန်သမျှကို ဖြုတ်ချသွားမယ်ဆိုပြီးလည်း သိခဲ့ရပါတယ်။




ဌာနကပြောရေးဆိုခွင့်ရှိသူ Ferdinand Setu ဆိုသူကတော့ Kimi Hime ကို ဒီတစ်ပတ်အတွင်း ဌာနကိုလာဖို့မျှော်လင့်ထားပမယ့်လို့ တနင်္လာနေ့ကတည်းကပို့ထားတဲ့ စာတွေကိုတောင် တုန့်ပြန်ခြင်းမရှိသေးတဲ့အတွက် မဖြစ်သင့်ကြောင်းနဲ့ ဌာနဖက်က Kimi Hime ရဲ့ account တွေကို ဖြုတ်ချချင်တာမဟုတ်ဘဲ နိုင်ငံအနေနဲ့ ရိုင်းတယ် မသင့်လျော်ဘူးလို့ ခံယူထားတဲ့ ဗီဒီယိုတချို့ကိုသာ ဖြုတ်ချချင်တာဖြစ်ပြီး ဘယ်ဗီဒီယိုတွေပါဝင်နေလဲဆိုတာလည်း ရွေးချယ်ပြီးသွားခဲ့ပါပြီတဲ့။