မုန့်ရောင်းပြီး သားသမီးတွေကို ဒေါက်တာ၊ရှေ့နေဖြစ်အောင် ထားနိုင်ခဲ့တဲ့ဖခင်၊ ဂုဏ်ပြုခံရ

2019-07-26 13:53:13


မုန့်ရောင်းပြီး သားသမီးတွေကို ဒေါက်တာ၊ရှေ့နေဖြစ်အောင် ထားနိုင်ခဲ့တဲ့ဖခင်၊ ဂုဏ်ပြုခံရ

မိဘဆိုတာ ကိုယ်တိုင် မပြေလည်ဘူးဆိုရင်တောင် သူတို့ရဲ့ကြိုးစားမှုတွေကနေ သားတွေသမီးတွေကို ဒီထက် အစပေါင်းများစွာ ပိုပြီးတိုးတက်တဲ့ဘဝကို ရောက်စေချင်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ဟာ နေပူမရှောင် မိုးရွာမရှောင် အလုပ်တွေ ကြိုးစားကြပြီး သားတွေသမီးတွေအတွက် လှေကားထစ်တွေဖြစ်ဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။




အခုလည်း မလေးရှားအဖိုးအိုတစ်ဦးဟာ ပေါင်မုန့်တွေ၊ နံပြားတွေရောင်းပြီး သားတွေသမီးတွေကို ဒေါက်တာတွေ၊ ရှေ့နေတွေဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။ သူ့ရဲ့ ကျေးဇူးဟာ သားသမီးတွေအပေါ်မှာ ကြီးမားလွန်းလို့ ဒေသခံပန်းချီဆရာတစ်ယောက်က သူ့ပုံတွေကို-


အဆိုပါဖခင်ကို Roti Uncle လို့ ခေါ်ဆိုကြပြီး၊ နာမည်အရင်းကတော့ Muniandi ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့နှစ်(၃၀)ကနေ အခုအချိန်ထိ ပီနန်မြို့မှာ ပေါင်မုန့်ရောင်းသူဖြစ်ပြီး၊ သားတွေသမီးတွေကို ဒေါက်တာနဲ့ ရှေ့နေတွေဖြစ်အောင် ပြူစုပျိုးထောင်နိုင်ခဲ့လို့-




Muniandi ဟာ အဲဒီမြို့မှာ စံပြဖခင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပန်းချီကျော် Andhar A Samah က Roti Uncle ကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့မြို့က လမ်းဘေးတစ်ချို့မှာ ပုံတူပန်းချီတွေဆွဲပြီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ ပန်းချီဆရာ Andhar ဟာ Balik Pulau Festival အတွက် ဒီပန်းချီတွေကို ဖန်တီးခဲ့တာပါ။


ဒီအကြောင်းကို Andhar ရဲ့ သူငယ်ချင်းပန်းချီဆရာ Acit Raman Abdullah က လူမှုကွန်ရက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ Acit ရဲ့ ပြောဆိုချက်အရ Roti Uncle ဟာ မပြေလည်တဲ့ကြားက သူ့သားသမီးတွေကို တစ်ဦးက ဒေါက်တာ၊ တစ်ဦးက ရှေ့နေ၊ တစ်ဦးက ဓာတုအင်ဂျင်နီယာဖြစ်အောင် ပျိုးထောင်နိုင်ခဲ့ပါတယ်တဲ့။




Roti Uncle ဟာ မနက်(၈)နာရီခွဲမှာ ပေါင်မုန့်စရောင်းပြီး၊ နေ့လည် (၁၂)နာရီမှာ အိမ်ကို ထမင်းပြန်စားကြောင်း၊ အဲဒီနောက် အဝတ်လဲပြီး၊ သူရဲ့ နွားမွေးမြူရေးခြံကိုသွားကာ နွားတွေကို အစားကျွေး၊ ရေချိုးပေးကြောင်း၊ ညနေပိုင်းမှာ တစ်ခါ ပေါင်မုန့်ပြန်ရောင်းကြောင်း ဆိုပါတယ်။


နေသူရိန် (D Nae Thit)


source : World Of Buzz