လမ်းအလုပ်သမားများအား အရှိန်မထိန်းနိုင်တဲ့ ကားဝင်တိုက် ၁ ဦးသေဆုံး ၂ဦးဒဏ်ရာရ

2019-07-26 13:45:24


လမ်းအလုပ်သမားများအား အရှိန်မထိန်းနိုင်တဲ့ ကားဝင်တိုက် ၁ ဦးသေဆုံး ၂ဦးဒဏ်ရာရ

လမ်းပြင်နေသော အလုပ်သမားများအား အရိုင်မထိမ်းနိုင်သော ကား က ဝင်တိုက်၍ တစ်ဦးသေဆုံး နူစ်ဦး ဒဏ်ရာ ရရှိ ။


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ၌ ဇူလိုင် ၂၅ ရက် ညနေ ၂နာရီခွဲအချိန်ခန့်တွင် လမ်းပြင်နေသော အလုပ်သမားများအားယာဉ်ဝင်တိုက်မူဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၍ နူစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။


ယာဉ်တိုက်မူသတင်းအရ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်နေယုမောင်၊ ရဲတပ်ဖွဲ့ဝင်များ၊ ကမာစိုင်ကျေးရွာ ရာအိမ်မှူးဦးကျော်မြင့်၊ အသိသက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၁/၇ နှင့် ၁၃၂/ဝ အကြားတွင်


သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ဇော်ဝင်း(အသက်-၄၂ နူစ်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း)နေသူ မောင်းနှင်လာသော YGN 9L/4814 Crown အမျိုးအစား မော်တော်ယာဉ်သည် အရိုန်ပြင်းစွာ မောင်းနှင်လာပြီး လမ်းပြင်နေသောအမှတ်အသားကို တွေ့ရှိ ရှောင်တိမ်းရာမှ


တစ်ဖတ်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးအား ထပ်မံရှောင်တိမ်းရာ ကားလမ်းမပေါ်တွင် လမ်းပြင်နေသော လမ်းအလုပ်သမားများဖြစ်သည့် မဝေဝေအောင် (အောင်းစိုင်ကျေးရွာ၊ သထုံမြို့နယ်) နှင့် မဝင်းမာ (ပျဉ်ပုံကြီးကျေးရွာ၊ပဲခူးတိုင်း)နေသူတို့အား တိုက်မိပြီး


လမ်းဘေးတွင် မြက်နူတ်နေသော ဦးအောင်မြင့်(အသက်-၇၀၊ ဧကရာဇ်ကျေးရွာ၊ ဝေါမြို့နယ်၊ ရွှေသံလွင်ကုမ္မဏီဝန်ထမ်း)အား ထပ်မံတိုက်မိရာ ဒဏ်ရာပြင်းထန်စွာ ရရှိ သေဆုံးသွားသည်၊ မဝေဝေအောင်(စိုးရိးရိမ်ရ) နှင့် မဝင်းမာ(မစိုးရိမ်ရ) တို့အား ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးပြီး အခင်းဖြစ်နေရာတွင် သေဆုံးသူ ဦးအောင်မြင့် အား သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။


သို့ဖြစ်၍ မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ပြီး လူထိခိုက်သေဆုံးစေသော ဇော်ဝင်း အား နမစ(သိမ်ဆိပ်)၏ ယာဉ်(ပ)၂၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄(က)ဖြင့် အရေးယူ ဖမ်းဆီးဆောင်ရွက်ထားရှိကြောင်း သိရသည် ။

ခွန်(ဝင်းပ) ။