သူငယ်ချင်းနဲ့ တိတ်တိတ်ပုန်း လက်ထပ်ခဲ့တဲ့ ခင်ပွန်းကို၊ အညှိုးကြီးစွာ တိုက်ခိုက်ခဲ့တဲ့ဇနီး

2019-07-26 10:47:10


သူငယ်ချင်းနဲ့ တိတ်တိတ်ပုန်း လက်ထပ်ခဲ့တဲ့ ခင်ပွန်းကို၊ အညှိုးကြီးစွာ တိုက်ခိုက်ခဲ့တဲ့ဇနီး

အင်ဒိုနီးရှားနိုင်ငံသူတစ်ဦးဟာ သူမနဲ့လည်း ရင်းနီးပြီး၊ သူငယ်ချင်းလိုနေထိုင်တဲ့ အိမ်နီးနားချင်း အမျိုးသမီးကို ခင်ပွန်းဖြစ်သူက တိတ်တိတ်ပုန်း လက်ထပ်ထားတယ်ဆိုတာကို သိရှိပြီးနောက်၊ လက်စားချေတဲ့အနေနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


အဆိုပါ ဇနီးသည်ဟာ ခင်ပွန်းဖြစ်သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေချိန်ကို စောင့်ဆိုင်းပြီး၊ ရေကို ပွက်ပွက်ဆူအောင် တည်ကာ၊ အိပ်နေတဲ့ ခင်ပွန်းအပေါ်ကို လောင်းချလိုက်တာပါ။ ခင်ပွန်းသည်ဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ဒေသတိုင်းရင်းဆေးဆရာဆီ သယ်ဆောင်ခဲ့ပေမယ့် ဇူလိုင်(၁၉)ရက်မှာ သေဆုံးသွားပါတယ်။




ငြိစွန်းသွားကြပြီး၊ နောက်ပိုင်းတော့ တစ်ယောက်နဲ့တစ်ယောက် တိတ်တဆိတ် လက်ထပ်လိုက်သည်အထိ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင်(၁၃)ရက်နေ့မှာ သူမက ခင်ပွန်းကို အခုလို တိုက်ခိုက်ခဲ့တာပါ။ ဇနီးအမည်ကတော့ Aminah ဖြစ်ပြီး၊ ခင်ပွန်းအမည်ကတော့ Bahtiar လို့ သိရပါတယ်။


Aminah ရဲ့အဆိုအရ ဖောက်ပြန်တဲ့အမျိုးသမီးဟာ သူမတို့ကို ငွေရေးကြေးရေး အကူအညီပေးလေ့ရှိကြောင်း၊ အစကတော့ သူမက မရိပ်မိခဲ့ပေမယ့် အဲဒီအမျိုးသမီးက အကျိုးလိုလို့ ညောင်ရေလောင်းခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ အခု ခင်ပွန်းက သေသွားတော့ သူမကို လူသတ်မှုနဲ့ ပြောင်းလဲ ဖွင့်လှစ်ခဲ့ပါတယ်။


နေသူရိန် (D Nae Thit)


source : World Of Buzz