မိန်းကလေး(၂၀)ဦးကို ‘ကံဆိုးမှုတွေ ပျောက်ဖို့’ဆိုပြီး ကာမလိမ်လည်ခဲ့တဲ့ အင်ဒိုနတ်ဆရာ

2019-07-26 10:34:05


မိန်းကလေး(၂၀)ဦးကို ‘ကံဆိုးမှုတွေ ပျောက်ဖို့’ဆိုပြီး ကာမလိမ်လည်ခဲ့တဲ့ အင်ဒိုနတ်ဆရာ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ အသက်မပြည့်သေးတဲ့ ကလေးမလေးတွေကို “ကံကောင်းစေမယ့် အစီအရင် ပြုလုပ်ပေးမယ်”ဟုဆိုကာ ကာမလိမ်လည်ရယူခဲ့တဲ့ နတ်ဆရာကို သက်ဆိုင်ရာက ဖမ်းဆီးထားပြီ ဖြစ်ပါတယ်။ သူ့အမည်ကိုတော့ RGS လို့သာ သတင်းက ဖော်ပြထားပါတယ်။


ဒီနာမည်ကတော့ သူတို့ အင်ဒိုဘာသာနဲ့ အဓိပ္ပါယ်တစ်ခုခု ရှိပါလိမ့်မယ်။ သူဟာ အသက်(၂၆)နှစ်သာရှိသေးပြီး၊ ရှေးဟောင်းနှောင်းဖြစ်များကို မြင်နိုင်သူဟု အယုံသွင်းကာ အသက်မပြည့်သေးတဲ့ အသက်(၁၅)နှစ်မှ (၁၇)နှစ်အတွင်းရှိသေးတဲ့ မိန်းကလေး (၂၀)ကျော်ကို လှည့်စားခဲ့တာပါ။




အဲဒီကောင်မလေးတွေကို ကံမကောင်းခြင်းတွေ ပြေပျောက်စေဖို့ဆိုပြီး သူနဲ့ လိင်ပိုင်းဆိုင်ရာ လွန်ကြူးခိုင်းတာပါ။ ဒီလိုမှမလုပ်ရင် ကံဆိုးမိုးမှောင်ကျမယ် ဘာညာနဲ့ခြိမ်းခြောက်ကာ တစ်ချို့ကိုတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး၊ တစ်ချို့ကိုတော့ အဓမ္မကျင့်ခဲ့ပါတယ်။


RGS ဟာ Facebook ပေါ်မှာ ကောင်မလေးတွေကို ရင်းနီးအောင်ပေါင်းပြီး သူက နတ်ဆရာဖြစ်ကြောင်း၊ ဘဝမှာ ဆိုးရွားတဲ့ အတွေ့အကြုံတွေရှိရင် သူ့ကို ယုံကြည်စွာပြောဖို့နဲ့၊ ကံတွေဆက်တိုက်ကောင်းအောင် တာဝန်ယူနိုင်ကြောင်း ယုံလောက်အောင်ပြောပြီး စည်းရုံးတာပါ။




Head of the Garut Integrated Care Center for the Empowerment of Women and Children (P2TP2A) အဖွဲ့ကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူတွေ၊ အဲဒီ ကာယကံရှင်တွေရဲ့ မိဘတွေကို အကူအညီ အပြည့်အဝ ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


လင်းဇော်ကို (D Nae Thit)


source : World Of Buzz