ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် ရှားစောင်းလက်ပတ်

2019-08-06 10:46:24


ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက် ရှားစောင်းလက်ပတ်

အမတစ်ယောက်က ရှားစောင်းလက်ပတ်ယိုလေး တင်ထားတာတွေ့လို့ ညီမလည်းပြန်ရှယ်ပါရစေနော်


ဝတဲ့သူတွေ ဒါမှမဟုတ် ဗိုက်ပူတဲ့သူတွေအတွက်အရမ်းအဆင်ပြေတယ်


အိမ်ရှင်မတော်တော်များများရဲ့ဒုက္ခကဗိုက်ပူတာပါပဲ ညီမလေ အဲ့ယိုလုပ်နည်းကို မေမေကတဆင့်သိတာပါ

စားကြည့်တော့တကယ်ဗိုက်ကျတယ်ရှင့်


●ရှားစောင်းလက်ပတ် ငါးတက်လောက်ကို ဘေးကစူးသွားတွေ ကိုဓားနဲ့ခွာပီး လက်တစ်ဆစ်လောက်လေးတွေကိုလှီးပါ

(အခွံမနွှာတော့ ထုပ်ထုပ်ထုပ် နဲ့စားလို့ကောင်းသလိုပိုဆေးဖက်ဝင်တာပေါ့)


●ထန်းလျက်(အညို)ငါးကျပ်သားလောက်ကို ဆီ ၅ကျပ်သားလောက်ထဲကို ထည့်ပီးအရည်ပျော်အောင်မွှေပါ


●ထန်းလျက်အရည်ပျော်သွားရင် ရှားစောင်းလက်ပတ်ထည့်ပါ ရှားစောင်းလတ်ပတ်က အရည်ထွက်တဲ့အတွက်ခနခနမွှေပေးပါ


●ရှားစောင်းလက်ပတ်အရည်ခမ်းသွားပီးနည်းနည်းခပ်ပျစ်ပျစ်ဖြစ်လာရင် ငှက်ပျောသီးဖီးကြမ်း နှစ်လုံးကိုပါးပါးလှီးထည့်ပါ (ငှက်ပျောသီးကများလျှင်ချဉ်တတ်လို့နှစ်လုံးဆိုလုံလောက်ပါပြီ)


●ကြက်ဥနှစ်လုံးကိုမွှေပီးမှထည့်ပါ ဇွန်းနဲ့အဆက်မပြတ်မွှေပေးပါ ကပ်သွားနိုင်တဲ့အတွက်ကြောင့်ပါ


●ပြီးရင်တကယ်ကိုအရသာရှိတဲ့ ရှားစောင်းလတ်ပတ်ယိုလေးရပါပြီရှင် အဖုံးလုံတဲ့ပုလင်းလေးထဲကိုထည့်သိမ်းပြီးစားလို့ရပါပြီ


ညီမ အစကထင်ထားတာတာက ဆီတွေလည်းများတယ် ကြက်ဥ ငှက်ပျောသီးရောဆိုတော့ဝိတ်တက်မှာပဲလို့ထင်ထားတာ


ဒါပေမယ့်တကယ်စားကြည့်တော့ဝမ်းလည်းမှန်သလို မိန်းကလေးတွေနဲ့ပတ်သတ် တဲ့ရောဂါတွေကိုလည်းကာကွယ်ပေးတယ်ဆိုတော့ စားရကျိုးနပ်ပီပေါ့နော်


Credit:Phyo Lay(စားချက်group မှ)