တားမြစ်နေတဲ့ကြားက ပြုပြင်နေဆဲ စက်လှေကားကို စီးမိလို့ အဖြစ်ဆိုးကြုံခဲ့ရတဲ့အဖွား

2019-07-25 18:56:40


တားမြစ်နေတဲ့ကြားက ပြုပြင်နေဆဲ စက်လှေကားကို စီးမိလို့ အဖြစ်ဆိုးကြုံခဲ့ရတဲ့အဖွား

အသက်ခပ်ကြီးကြီး အဖွားအိုတစ်ယောက်ဟာ ဈေးဝယ်စင်တာမှာ စက်လှေကား စီးနင်းခဲ့ရာ စက်ထဲကို ခြေထောက်ညပ်ပါခဲ့ပြီး၊ ခြေထောက်တစ်ချောင်း ဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Harbin စီရင်စု Heilongjiang က ရှော့ပင်းမောလ်တစ်ခုမှာ ဖြစ်ခဲ့တာပါ။


အဖွားဟာ စက်လှေကားအတွင်းကို ခြေထောက်ညပ်ပါပြီးနောက် နာကျင်လွန်းလို့ သည်းထန်စွာ အော်ဟစ်ငိုယိုခဲ့ပါတယ်။ အခင်းဖြစ်နေစဉ် အနီးအနားမှာ ညီမဖြစ်သူလည်း ရှိနေခဲ့ပါတယ်။ အဖွားရဲ့မိသားစုဝင်တွေ ပြောပြချက်အရ အဖွားတို့ ညီအစ်မနှစ်ယောက်ဟာ စနေ/တနင်္ဂနွေ ပိတ်ရက်မှာ ဈေးဝယ်ထွက်ခဲ့ကြတာပါ။




ဒီမတော်တဆမှုကြောင့် အဖွားရဲ့ ခြေကျင်းဝတ်လောက်အထိ စက်လှေကားထဲ ညပ်သွားခဲ့ပြီး၊ ကြိတ်ချေလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒူးအရင်းလောက်ကနေ ဖြတ်ခဲ့ရကြောင်း သိရပါတယ်။ အဲဒီစက်လှေကားဟာ နဂိုက ချွတ်ယွင်းချက်တွေရှိလို့၊ ပြုပြင်ပြီး စမ်းသပ်လည်ပတ်နေတဲ့ လှေကားလို့ သိရပါတယ်။


ဒါကြောင့် အဖွားကို အနီးအနားရှိသူတွေက အဲဒီစက်လှေကားကို အသုံးပြုလို့မရကြောင်း တားမြစ်ခဲ့ကြပေမယ့်၊ အဖွားဖြစ်သူက ငြင်းပယ်ပြီး၊ စက်လှေကားကို စီးခဲ့တာပါ။ တာဝန်ရှိသူတွေက တစ်ခြားစက်လှေကားကို အသုံးပြုဖို့ ဆိုင်းဘတ်ရေးထိုး သတိပေးထားပေမယ့်၊




အဖွားက အဲဒီ ဆိုင်းဘုတ်ကို တွန်းဖယ်ပြီး စီးနင်းခဲ့တာလို့ သိရပါတယ်။ အခုတော့ အဖွားခမျာ သူမရဲ့ မိုက်ရူးရဲဆန်တဲ့ တစ်ယူသန်စိတ်ကြောင့် ဘက်ဘက်ခြေထောက်ကို ဒူးအောက်ကနေ ဖြတ်တောက်လိုက်ရပြီလို့ သိရပါတယ်။ ဒါကတော့ ရှော့ပင်းမောလ်မှာ တာဝန်မရှိပါဘူး။ သူတို့က အသုံးမပြုဖို့ တားမြစ်ထားပြီးသားပါ။




လင်းဇော်ကို (D Nae Thit)


source : Word Of Buzz