ဖောက်ပြန်နေတဲ့ (၁၄)နှစ်အရွယ်ချစ်သူလေးကို သည်းမခံနိုင်တော့တဲ့ (၆၀)နှစ်အဖိုးအို

2019-07-25 18:39:16


ဖောက်ပြန်နေတဲ့ (၁၄)နှစ်အရွယ်ချစ်သူလေးကို သည်းမခံနိုင်တော့တဲ့ (၆၀)နှစ်အဖိုးအို

အသက်(၆၀)အရွယ် အငြိမ်းစားပင်စင်စားတစ်ဦးဖြစ်တဲ့ ကျောင်းဆရာဟောင်းတစ်ဦးဟာ၊ သူ့အသက်အရွယ်နဲ့ မလိုက်ဖက်စွာ (၁၄)နှစ်အရွယ် ကျောင်းသူလေးကို ချစ်မိခဲ့ပါတယ်။ ကောင်မလေးက သူ့ကို တကယ်ချစ်တာမဟုတ်ဘဲ ငွေရေးကြေးရေး အကူအညီရဖို့ ကပ်ခဲ့တာပါ။


ကောင်မလေးမှာ တစ်ခြားချစ်သူရှိတာကို သိပြီးနောက် အသည်းကွဲသွားတဲ့ ဇရာအိုကြီးဟာ သူတို့ရဲ့ တစ်ဖက်သက် အချစ်ရေးကို အဆုံးသတ်လိုက်ပါတော့တယ်။ အငြိမ်းစားကျောင်းဆရာရဲ့နာမည်ကတော့ Prasit Rupanya ဖြစ်ပြီး၊ သူဟာ Tambon Kham Khaen မှာ နေထိုင်သူပါ။


Prasit နဲ့ (၁၄)နှစ်အရွယ်ကျောင်းသူဟာ Khon Kaen ကမ်းခြေက တည်းခိုခန်းတစ်ခုမှာ ချိန်းတွေ့ခဲ့ပါတယ်။ ကျောင်းသူလေးကတော့ Khon Kaen’s Muang ခရိုင်အတွင်းကကျောင်းမှာ တက်ရောက်နေသူလို့ သိရပါတယ်။ သူတို့နှစ်ယောက်ဟာ အခန်းယူထားတဲ့အချိန်-


ပြည့်လွန်သည်အထိ Check Out မလုပ်တဲ့အတွက် တည်းခိုခန်းဝန်ထမ်းတွေက အပြင်ကနေ အော်ခေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပြန်ထူးသံမကြားလို့ သော့ပိုနဲ့ တံခါးကိုပွင့်ကြည့်ရာ၊ နှစ်ယောက်စလုံး အသတ်မဲ့သေဆုံးနေပါတယ်။ Mancha Khiri ရဲစခန်းမှ စခန်းမှူး Yutthakarn Somuang ရဲ့-


ထုတ်ပြန်ချက်မှာတော့ Prasit က ကောင်မလေးကို အရင်ပစ်သတ်ပြီးမှ မိမိကိုယ်ကို ပြန်လည်စီရင်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ Prasit ဟာ လွန်ခဲ့တဲ့(၂)နှစ်က ဇနီးဟောင်းနဲ့ ကွာရှင်းခဲ့တာဖြစ်ပြီး၊ အဲဒီနောက် ဒီကျောင်းသူလေးနဲ့ ဇာတ်လမ်းစခဲ့တာပါ။




ဒါပေမယ့် (၂)နှစ်အကြာမှာပဲ ကောင်မလေးက တစ်ခြားကောင်လေးနဲ့ ဇာတ်လမ်းရှုပ်ခဲ့ပါတယ်။ ဒါကိုသိပြီးနောက် သက်ကြားအို Prasit က ကလေးမလေးကို ညာပြီးခေါ်တွေ့ခဲ့တာပါ။ အခန်းထဲမှာ နှစ်ယောက်သား လုံးထွေးသတ်ပုတ်ထားတာကို မတွေ့ရတာကြောင့်၊


ကျောင်းသူမလေးဟာ သူမကို သတ်မယ်ဆိုတာ မသိဘဲ ဒီကို ရောက်လာနိုင်ပြီး၊ ကျောင်းဆရာဟောင်း Prasit က မက်လုံးတစ်ခုခု ပေးထားပုံရကြောင်း၊ ယင်းနောက် လှည့်ကွက်နဲ့ သတ်ခံခဲ့ရပြီး Prasit ကိုယ်တိုင်ကလည်း သေကြောင်းကြံစည်ခဲ့တာလို့ ရဲက ဆိုပါတယ်။


လင်းဇော်ကို (D Nae Thit)


source : ThaiVisa