ကျော်ကျော်ဗိုလ်ရဲ့ LIVE SALE မှာ သိန်းဆယ်ချီရှိတဲ့ စိန်နားကပ်ကြီး အားပေးခဲ့တဲ့ နေတိုး


ကျော်ကျော်ဗိုလ်ရဲ့ LIVE SALE မှာ သိန်းဆယ်ချီရှိတဲ့ စိန်နားကပ်ကြီး အားပေးခဲ့တဲ့ နေတိုး

Live Sale မှာ ဈေးလာဝယ်တဲ့ ညီငယ်လေး နေတိုးကို အမျိုးမျိုးစနောက်ပြီးမှ စိန်နားကပ်ကြီး ရောင်းချပေးခဲ့တဲ့ ကျော်ကျော်ဗိုလ်



ပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့နိုင်ငံကျော် မင်းသားနှစ်လက်ဖြစ်တဲ့ နေတိုးနဲ့ကျော် ကျော်ဗိုလ်တို့ကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ အသီးသီး ရရှိ နေ သူမင်း သားနှစ်ယောက်ပဲ ဖြစ်ပါတယ်။ နေတိုးနဲ့ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဗီဒီယိုဇာတ်ကား တွေမှာ လည်း အများကြီးပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို အပြင်မှာလည်း သွေးသားရင်း ညီအစ်ကိုတွေ ထက် ခင်မင်ရင်းနှီးကြသူတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေတိုးလို့ ဆိုလိုက်တာနဲ့ ကျော်ကျော်ဗိုလ်ကို မြင်ကြသလို ကျော်ကျော်ဗိုလ်လို့ ဆိုလိုက်တာနဲ့ နေတိုးကို တွဲမြင်ကြတဲ့အထိ အတူသွား အတူစားရှိကြတဲ့ မင်းသားနှစ်လက်ပဲ ဖြစ်ပါတယ်။



တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ ဆေးထိုးကြသလို တစ်ယောက်ကို တစ်ယောက် အမြဲတမ်း ဖေးမပေးလေ့ရှိတဲ့ မင်းသားနှစ်ယောက်က ဒီတစ်ခေါက်မှာလည်း ပရိသ တ်တွေကို သဘောကျစေခဲ့ပြန်ပါတယ်။ နေတိုးက ကျော်ကျော်ဗိုလ်ရဲ့ Live Sale မှာ စိန်နားကပ် ကြီးတစ်ရံကို လာဝယ်ခဲ့ပြီး ကျော်ကျော်ဗိုလ်ကလည်း ဈေးလာဝယ်တဲ့ နေတိုးကို အမျိုးမျိုးစနော က် ကျီစယ်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။



နေတိုးကတော့ တော်ရုံအွန်လိုင်း Live Sale တွေမှာ ဝယ်ယူလေ့မရှိပေမယ့် ချစ်အစ်ကိုကြီး ကျော် ကျော်ဗိုလ်ရဲ့ Live Sale မှာတော့ စိန်နားကပ်ကြီးတစ်ရံကို ဝယ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးနဲ့ ကျော်ကျော်ဗိုလ်တို့ရဲ့ ညီအစ်ကိုထက်တောင်ပိုကြတဲ့ သံယောဇဉ် ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိ သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆု တော င်းပေးလိုက်ပါတယ်။



Source: Kyaw Kyaw Bo’s fb

Bilie – Cele Connections