ဘေးအိမ်က အမျိုးသမီးလွတ်​လပ်​စွာ ရေချိုးနေတာကို ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်သော အမျိုးသားတစ်ဦးအမှုဖွင့်ခံရ

2019-07-25 17:24:50


ဘေးအိမ်က အမျိုးသမီးလွတ်​လပ်​စွာ ရေချိုးနေတာကို ဖုန်းနဲ့ ဓာတ်ပုံခိုးရိုက်သော အမျိုးသားတစ်ဦးအမှုဖွင့်ခံရ

ဘေးအိမ်က အမျိုးသမီးတစ်ဦး ရေချိုးနေစဉ် ဖုန်းဖြင့် ဓာတ်ပုံခိုးရိုက်သော အမျိုးသားတစ်ဦး ကို နိုင်/လွတ်/လုံ ပုဒ်မ ၁၀ ဖြင့်အမှုဖွင့်လိုက်ကြောင်း သတင်းတမန်ကစုံစမ်း ရရှိသည်။ယနေ့မနက်ပိုင်းက ​တောင်​ငူမြို့ အမှတ်​(၂)နယ်​​မြေရဲစခန်းတွင် အမှုဖွင့်​ထားခြင်းဖြစ်သည်။


ပဲခူးတိုင်း​ဒေသကြီး ​တောင်​ငူမြို့ (၂) ရပ်​ကွက်​ ​ရွှေဟင်္သာလမ်း​တွင် နေထိုင်​သည့် အသက် ၄၂ နှစ်အရွယ် ဦးစိုးလွင်​ဦး(ခ)အုန်းသီး ဆိုသူသည် အခန်းကပ်​လျက်တွင် နေထိုင်​နေသော အမျိုးသမီးတစ်ဦး​ ရေချိုး​နေစဉ်​ ဖုန်းဖြင့်​ဓာတ်​ပုံခိုးရိုက်​ခဲ့သဖြင့်​ ကာယကံရှင်​ဖြစ်​သူ၏ တိုင်​ကြားမှုအရ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။


” အမှုဖွင့်​ထားပြီဆိုတာဟုတ်​ပါတယ်​။ တိုင်​စာကမ​နေ့က ​နေ့လည်​၃နာရီ​လောက်​မှာ အမှတ်​(၂)ရဲစခန်းကိုသွား​ပေးခဲ့တာပါ။ ဒီမနက်မှာဖွင့်တယ်ေ​​​ပြာတယ်။ ဖြစ်​တာက ဇူလိုင်​ ၁၈ ရက်​​နေ့ ည ၁၁းဝဝနာရီ​လောက်​မှာ ကျွန်​​တော့်​မိန်းမက​ရေချိုး​နေတာ။


ရေချိုးခန်းအ​ပေါ်ဘက်​က အသံကြားလို့​မော့ကြည့်​လိုက်​​တော့ အ​ပေါ်အမိုးနဲ့နံရံကြားမှာ ကတ်​ထူစက္ကူပြားနဲ့ကာထားတာရှိတယ်​။ အဲ့ကြားက​နေဖုန်းထွက်​​နေတာ​တွေ့လို့​ အော်​​ခေါ်လို့ ။အဲ့အချိန်မှာကျွန်​တ်ာက က​ကျွန်​​တော့်သားနဲ့အဲ့​​ရေချိုးခန်းနဲ့ကပ်လျက်​​လှေခါးနားမှာစာ​​ရေး​​နေတာ။


ပြေးသွား​တော့ဖုန်းပြန်​ရုတ်​သွားတာ​တွေ့လိုက်​လို့ အရှေ့ဘက်​က​နေပတ်​သွားပြီး မင်းဘာလို့ငါ့မိန်းမ​ရေချိုး​နေတာကိုဓာတ်​ပုံခိုးရိုက်​တာလဲလို့​မေးပါတယ်​။ ပထမ​တော့သူငြိမ်​​နေ​သေးတယ်​။ ခဏ​နေမှထွက်​လာပြီး​တော့ ကျွန်​​တော်​မလုပ်​ဘူး၊ကျွန်​​တော်​မလုပ်​ဘူး မယုံရင်​ ဖုန်းစစ်​ကြည့်​ဆိုပြီးကျွန်​​တော့်​လက်​ထဲကိုထိုး​ပေးတယ်​။


ကျွန်​​တော်​ကဖုန်း​နည်းပညာကျွမ်းကျင်သူ​​တွေနဲ့ ဓာတ်ပုံ/ဗွီဒီယို​ရိုက်ထားခြင်း ရှိ/မရှိ စစ်​ဆးကြည့်မယ်​ပြော​​တော့မှ​​ စိုးလွင်ဦး(​​ခေါ်)အုန်းသီးကကျွန်​​​တော်မှားပါတယ်​​ မလုပ်​ပါနဲ့ တောင်းပန်​ပါတယ်​လို့​ပြောပြီး အခန်းထဲဝင်​​ပြေးသွားပါတယ်​။ ခ

ဏ​နေ​တော့ ရပ်​ကွက်​လူကြီး​တွေနဲ့ ရဲ​တွေ​ရောက်​လာ​တော့ ရဲလက်​ကိုအပ်​လိုက်​တယ်​။




နောက်​ရက်​​တွေကြ​တော့အမှုစစ်​က စခန်းမှုးနဲ့​တွေ့ပါ​ပြောတယ်​။စခန်းမှုးက ပုဒ်​မ ၅၀၀ နဲ့ တရားရုံးဦးတိုက်​​လျှောက်​​ပေးမယ်​​ပြောတယ်​၊အဲ့လိုမှမဟုတ်​ရင်​လည်း တိုင်​စာနဲ့တိုင်​ဖို့​ပြောတဲ့အတွက်​ ကျွန်​​တော်​တို့က ခရိုင်​ဥပ​ဒေအ​ထောက်​အကူပြုအဖွဲ့ကို အကူအညီ​တောင်းပြီး မ​နေ့ကမှတိုင်​စာသွားပို့ရတာ” ဓာတ်ပုံခိုးရိုက်ခံရသော ကာယကံရှင်​အမျိုးသမီး၏ အမျိုးသားက သတင်းတမန် သတင်းမီဒီယာ သို့ ​ပြောသည်​။


အဆိုပါဖြစ်​စဉ်​နှင့်​ပါတ်​သက်​ပြီး ​​တောင်​ငူမြို့(၂)ရပ်​ကွက်​ ​ရွှေဟင်္သာဘုရားလမ်း​နေ၊မ​——–(၃၄)နှစ်​ ​နေအိမ်​​ရေချိုးခန်းအတွင်း လွတ်​လပ်​စွာ ​ရေချိုး​နေသည်​ကို အုတ်​နံရံနှင့်​အမိုးကြား ကာရံထားသည့်​ ကတ်​ထူစက္ကူအား​ဖောက်​၍ ဓာတ်​ပုံရိုက်​ကူးခဲ့သူ စိုးလွင်​ဦး(ခ)အုန်းသီးအား တိုင်​ကြားစာအရ​တောင်​ငူအမှတ်​(၂) နယ်​​မြေရဲစခန်းမှ (ပ)၅၁၀/၂၀၁၉၊နိုင်​ငံသားများ၏ ပုဂ္ဂိုလ်​ဆိုင်​ရာ လွတ်​လပ်​မှုနှင့်​ ပုဂ္ဂိုလ်​ဆိုင်​ရာ လုံခြုံမှုကို ကာကွယ်​​ပေး​ရေး ဥပ​ဒေပုဒ်​မ-၁၀ ဖြင့်​အမှုဖွင့်​ထားကြောင်း နယ်​​မြေရဲစခန်းမှသိရသည်​။


မင်းထက်ကျော် ( သတင်းတမန်) Photo – သတင်းတမန်