ကံကောင်းလမ်းဆုံမှာ ကံမကောင်းခဲ့သည့် ခရီးသည်ယာဉ်

2019-07-24 22:41:20


ကံကောင်းလမ်းဆုံမှာ ကံမကောင်းခဲ့သည့် ခရီးသည်ယာဉ်

မန္တလေးတိုင်းဒေသကြီးမိတ္တီလာ-မလှိုင်သွားကားလမ်းကံကောင်းလမ်းဆုံအနီးခရီးသည်တင်မှန်လုံယာဉ်တိမ်းမှောက်ရာမှယာဉ်ပေါ်ပါခရီးသည်ကျား(၄)မ(၅)ဦးပေါင်း(၉)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းစုံစမ်းသိရသည်။


ဇူလိုင်(၂၄)ရက်နေ့လည်(၁၁)နာရီအချိန်ခန့်မိတ္တီလာ-မလှိုင်သွားကားလမ်းကံကောင်းလမ်းဆုံအနီးယာဉ်တိမ်းမှောက်နေကြောင်းသတင်းအရမိတ္တီလာမြို့မရဲစခန်းဒုရဲအပ်ြမျိုးမြင့်နှင့်တပ်ဖွဲ့ဝင်များမှသက်သေများနှင့်သွားရောက်ကြည့်ရှုစစ်ဆေးရာ


မိတ္တီလာ-မလှိုင်ကားလမ်းမြောက်မှတောင်သို့အောင်ကျော်သူ(၃၁)နှစ်စို့တွင်းကျေးရွာပခုက္ကူမြို့နယ်နေသူမောင်းနှင်ပြီးခရီးသည်(၉)ဦးလိုက်ပါလာသောခရီးသည်တင်မှန်လုံယာဉ်အမှတ်3 M/××××× jin Bei Haise အဖြူရောင်ယာဉ်

မှာကံကောင်းလမ်းဆုံအနီးမိုင်တိုင်(၆/၅)နှင့်(၆/၆)အကြားအရောက်အရှိန်မထိန်းနိုင်ပဲလမ်းယာဘက်ဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ရာ




ယာဉ်ပေါ်တွင်လိုက်ပါလာသူခရီးသည်ဒေါ်ဖြူဖြူသင်း(၄၁)နှစ်မြို့မရဲစခန်းဝန်းပခုက္ကူမြို့ ကိုမြအေး(၃၈)နှစ် နန်းတော်ကုန်းရပ်ကွက်မိတ္တီလာမသူဇာဦး(၂၃)နှစ် ဆောင်းဝှက်ရွာ နတ္တလင်းမြို့နယ်မနန်းသိမ်လောင်(၃၄)နှစ်ကျောင်းထိုရွာတောင်ကြီးမြို့ဦးသိန်းဝင်း(၆၀)နှစ်အမှတ်(၄)ရပ်ကွက်ပခုက္ကူမြို့ဒေါ်စန်းစန်းအေး(၅၄)နှစ်အမှတ်(၄)ရပ်ကွက်


ပခုက္ကူမြို့ဒေါ်တိုး(၆၅)နှစ် တောင်လေးလုံး တောင်ကြီးမြို့ဦးမြင့်ဆွေ(၅၈)နှစ်အမှတ်(၃)ရပ်ကွက်ပခုက္ကူမြို့ကိုအောင်ကြည်လင်း(၂၄)နှစ်သစ်ညီနောင်ရွာ ပေါက်မြို့နယ် ကျား(၄)မ(၅)ပေါင်း(၉)ဦးမှာအသီးသီးထိခိုက်ဒဏ်ရာရရှိနေသည်ကိုတွေ့ရှိရသဖြင့်ကြက်ခြေနီလူနာတင်ယာဉ်ဖြင့်မိတ္တီလာပြည်သူဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်အရလူုအများထိခိုက်ဒဏ်ရာများရရှိအောင်ယာဉ်အားမဆင်မခြင်မောင်းနှင်ခဲ့သည့်ယာဉ်မောင်းအောင်ကျော်သူပခုက္ကူမြို့နေသူအားအရေးယုပေးရန်တိုင်တန်းချက်အရမိတ္တီလာမြို့မရဲစခန်းယာဉ်(ပ)၃၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့်အမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ရွှေမောင်မောင်(မိတ္တီလာ)