တိုက်စစ်မှူး လူကာကူကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တဲ့ ဆိုးလ်ရှား

2019-08-04 13:22:17


တိုက်စစ်မှူး လူကာကူကို ပြင်းပြင်းထန်ထန် သတိပေးခဲ့တဲ့ ဆိုးလ်ရှား

ဆိုးလ်ရှားကတော့ ဖော်ပြလို့ မရတဲ့ အသင်းရဲ့လျှိုဝှက်ချက်တွေကို လူမှုကွန်ရက် တွစ်တာပေါ်မှာ ဗီဒီယိုဖိုင်နဲ့ တင်လိုက်တဲ့ တိုက်စစ်မှူး လူကာကူကို သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။


လူကာကူဟာ ဇွန်လ (၂၀) ရက်နေ့က အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ဆင်းခဲ့တာကို ဗီဒီယိုနဲ့ ရိုက်ပြီး “မပြေးလိုက်ရဘူး” ဆိုတဲ့ ခေါင်းစဉ် စာသားနဲ့ တွစ်တာပေါ်မှာ တင်ခဲ့တဲ့နောက် ဆိုးလ်ရှားက သူ့ကို တင်ထားတဲ့ ဗီဒီယိုကို ပြန်ဖျက်ဖို့ သတိပေးခဲ့ပါတယ်။


လူကာကူ တင်လိုက်တဲ့ ဗီဒီယိုမှာ ကစားသမားတွေရဲ့ လေ့ကျင့်ခန်း စွမ်းဆောင်ရည် မှတ်တမ်းတွေ ပါဝင်ခဲ့ပြီး အဲဒီမှတ်တမ်းတွေထဲက တစ်ခုမှာ လုရှော့ခ်က အပြေးလေ့ကျင့်ခန်းမှာ မာတာ နဲ့ မာတစ်တို့ထက် ပိုနှေးတယ် ဆိုတာလည်း ပါဝင်ခဲ့ပါတယ်။


ကစားသမားအများစု နဲ့ နည်းပြ ဆိုးလ်ရှားတို့ကတော့ လူကာကူ တင်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ဟာသ အဖြစ် မသတ်မှတ်တဲ့အတွက် တင်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ပြန်ဖျက်ဖို့ သတိပေးခဲ့တာပါ။


လူကာကူဟာ တင်လိုက်တဲ့ ဗီဒီယိုဖိုက်ကို ပြန်ဖျက်ခဲ့ပြီ ဖြစ်သလို လက်ရှိမှာ ဒဏ်ရာကြောင့် မနေ့ည စနေနေ့ ညက အေစီမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။


အပြောင်းအရွှေ့သတင်းတွေ အရကတော့ လူကာကူဟာ ဒီဘာလားကို အလိုက်ပေးပြီး သူ့ကို ကမ်းလှမ်းခဲ့တဲ့ အီတလီ စီးရီအေ ဂျုဗင်တပ်အသင်းဆီကို အပြောင်းအရွေ့ ပိတ်ရက်မတိုင်ခင် ယခုအပတ်တွင်း ပြောင်းသွားနိုင်ချေ ရှိတယ်လို့ ဖော်ပြလျက် ရှိပါတယ်။


Ko Latt ( D Nae Thit )