၁၃ နှစ် မိန်းကလေးအား ခဲအို မှ ပါးစပ်အဝတ်စဖြင့်ချည်ကာ သားမယားပြုကျင့်

2019-07-24 22:25:02


၁၃ နှစ် မိန်းကလေးအား ခဲအို မှ ပါးစပ်အဝတ်စဖြင့်ချည်ကာ သားမယားပြုကျင့်

ထန်းတပင်မြို့နယ် ၌ ခဲအို မှအလိုမတူပဲသားမယားပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။


၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က တရားလိုမှာ နေအိမ်၌ ရှိနေစဉ် သမီးဖြစ်သူ မ——-(၁၃)နှစ် ၅ လ မှာ ဗိုက်ထဲတွင် ခုလုခုလုဖြစ်နေသည်ဟု ပြောသဖြင့် စမ်းသပ်ကြည့်ရာ အလုံးတစ်လုံးတွေ့ရှိရ၍ လေလုံး သွေးလုံး တစ်ခုခုဖြစ်နိုင်သည်ဟုယူဆကာ ရွာထဲရှိ ကျန်းမာရေးဆရာမ အား သွားရောက်ပြသခဲ့ရာ


ဆရာမ၏ ပြောပြချက်အရ သမီးဖြစ်သူတွင် ကိုယ်ဝန် ရှိနေကြောင်း သိရှိရသဖြင့် သမီးအားမေးမြန်းကြည့်ရာ လွန်ခဲ့သော (၄)လကျော်ခန့်က ထန်းတပင်မြို့နယ် အတွင်းရေကျော်ကျေးရွာ ရှိ အမဖြစ်သူ နေအိမ်သို့ မိခင်နှင့်အတူသွားရောက်ခဲ့စဉ် မိခင်နှင့် အမ အလုပ်သွားနေသည့်အချိန် နေ့လည် (၁၂) နာရီအချိန်ခန့်က နေအိမ်တွင် အမ၏ခင်ပွန်း စောနိုင် မှ


သမီးဖြစ်သူ၏ ပါးစပ်အားအဝတ်ဖြင့်ချည်၍ ပြန်ပြောလျှင်သတ်ပြစ်မည်ဟု ခြိမ်းခြောက်ပြီး သားမယားပြုကျင့်ခဲ့ကြောင်း ပြောပြသဖြင့် သမီးဖြစ်သူ အား သားမယားပြုကျင့်သူ စောနိုင်(၃၈)နှစ် အတွင်းရေကျော်ကျေးရွာနေသူအား ဥပဒေအရအရေးယူပေးပါရန် ထန်းတပင်မြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စောနိုင် အား ထန်းတပင်မြို့မရဲစခန်းမှ (ပ)၃၆၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


ညီညီ- လှိုင်သာယာ Real News Distribution Agency