မဖြစ်မနေ သိကိုသိသင့်တဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်ရဲ့ စည်းမျဉ်းသစ်များ (လီဗာဗူးလ် VS မန်စီးတီး)

2019-08-04 12:03:06


မဖြစ်မနေ သိကိုသိသင့်တဲ့ ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်ရဲ့ စည်းမျဉ်းသစ်များ (လီဗာဗူးလ် VS မန်စီးတီး)

မနက်ဖြန် တနင်္ဂနွေနေ့ ည (၉း၃၀) အချိန်မှာ လီဗာပူးလ်အသင်း နဲ့ မန်စီးတီးအသင်းတို့ ဝင်ဘာလေကွင်းမှာ ကစားသွားမယ့် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲစဉ်မတိုင်ခင် သိထားသင့်တဲ့ စည်းမျဉ်းစည်းကမ်းသစ်တွေ ရှိပါတယ်။


အဲဒါတွေကတော့ VAR သုံးမှာလား၊ ကစားသမား ဘယ်နှစ်ယောက်လဲခွင့် ရှိသလဲ၊ မိနစ် (၉၀) ကစားပြီးလို့မှ သရေကျရင် အချိန်ပို မိနစ် (၃၀) ထပ်ကစားရမလား ဆိုတာပါပဲ။


တစ်ခုချင်း ဖြေရမယ်ဆိုရင် VAR ကို သုံးမှာလားက စပါမယ်။ အသုံးပြုသွားမှာပါ။ လက်ရှိရာသီမှာ VAR စနစ်ကို ကွန်မြူနတီ ဒိုင်းမှာရော ပရီးမီးယားလိဂ်မှာရော စတင် အသုံးပြုတော့မှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့နှစ် ရာသီမှာတော့ အင်္ဂလန်မှာ ဆိုရင် VAR စနစ်ကို ကာရာဘောင် ဖလား နဲ့ အက်ဖ်အေ ဖလားတို့မှာ အသုံးပြုခဲ့ပါတယ်။


ဒုတိယ ကစားသမား ဘယ်နှစ်ယောက်လဲခွင့် ရှိလဲ။ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းတို့ ကစာမယ့် ပွဲမှာ ကစားသမား (၆) ယောက် လဲလို့ ရမှာပါ။ ပုံမှန်အတိုင်း ကစားသမား (၁၈) ယောက်ပွဲထွက် လာပြီး အဲဒီထဲက (၁၁) ယောက်က ပွဲဦးထွက် ကစားသမား နဲ့ (၇) ယောက်က အရန်ကစားသမားတွေ ဖြစ်ကြမှာပါ။


နောက်ဆုံး တစ်ချက်က မိနစ် (၉၀) ကစားပြီးလို့ သရေကျနေသေးတယ် ဆိုရင် အချိန်ပို မိနစ် (၃၀) ကစားရ မလားဆိုတာပါပဲ။ မကစားတော့ပါဘူး။ တိုက်ရိုက် ပင်နယ်တီကန်မှာပါ။ သာမန် ပွဲကစားချိန် မိနစ် (၉၀) ပြီးလို့ သရေကျနေတယ် ဆိုရင် အချိန်ပို မိနစ် (၃၀) မကစားတော့ဘဲ တိုက်ရိုက် ပင်နယ်တီကန်သွားမှာပဲ ဖြစ်ပါတယ်။


Ko Latt ( D Nae Thit )