မြန်မာ့လက်ဝှေ့ ထိုင်းမွေထိုင်းထက် ပိုပြီး ရှေးကျတယ်၊ပိုပြီး ကောင်းမွန်တယ်ဆိုတာကို သက်သေပြဖို့ ထိုင်းချန်ပီယံတစ်ယောက်ကို စိန်ခေါ်ချင်ပါတယ်

2019-08-03 22:48:45


မြန်မာ့လက်ဝှေ့ ထိုင်းမွေထိုင်းထက် ပိုပြီး ရှေးကျတယ်၊ပိုပြီး ကောင်းမွန်တယ်ဆိုတာကို သက်သေပြဖို့ ထိုင်းချန်ပီယံတစ်ယောက်ကို စိန်ခေါ်ချင်ပါတယ်

ကျွန်တော် မြန်မာဆိုတာ ပြောစရာတောင် မလိုတော့ပါဘူး၊ ဒါကြောင့် မြန်မာ့လက်ဝှေ့ ထိုင်းမွေထိုင်းထက် ပိုပြီး ရှေးကျတယ်၊ပိုပြီး ကောင်းမွန်တယ်ဆိုတာကို သက်သေပြဖို့ ထိုင်းချန်ပီယံတစ်ယောက်ကို စိန်ခေါ်ချင်ပါတယ်” ……




မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေထဲမှာ ဝင်းထွန်းကိုအကြိုက်ဆုံးပဲလို့ ဒေ့ဗ်လက်ဒုက ပြောပါတယ်။ ဝင်းထွန်း (လယ်/ဆည်) ဟာ မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်ကို လေးထပ်ကွမ်းဆွတ်ခူးနိုင်ခဲ့သူပါ။


WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့ ခေါင်ပွဲဖြစ်ပြီး ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအဖြစ်ထိုးသတ်ခဲ့တဲ့ ဒေ့ဗ်လက်ဒု (ကနေဒါ) နဲ့ UFC တိုက်ခိုက်ရေးသမားဟောင်း ဆက်သ်ဘက်စင်စကီး (အမေရိကန်) တို့ ပွဲစဉ်မှာတော့ ဒေ့ဗ်က (၂) ချီတည်းနဲ့ အလဲထိုးအနိုင်ရခဲ့ပါတယ်။


UFC ကစားသမားဟောင်း ဆက်ဘက်ဇင်စကီးကိုအလဲထိုးအနိုင်ယူပြီး WLC ရဲ့ ခရူဇာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ဆွတ်ခူးနိုင်ခဲ့တဲ့ပွဲစဉ်အပြီး စာနယ်ဇင်းရှင်းလင်းပွဲမှာ ဒေ့ဗ်လက်ဒုက အခုလိုပြောခဲ့တာပါ။ အဲဒီပွဲစဉ်ထိုးသတ်ဖို့ (၂) လ အချိန်ယူလေ့ကျင့်ခဲ့ပြီး သူ့ရဲ့ပွဲအစီအစဉ်နဲ့ အံဝင်ခွင်ကျဖြစ်ခဲ့တယ်လို့ ဒေ့ဗ်ကပြောပါတယ်။


Nomad (ခြေသလုံးအိမ်တိုင်) လို့ ချစ်စနိုးနာမည်တွင်တဲ့ ဒေ့ဗ်ဟာ အဲဒီနာမည်ကို သဘောကျပြီး သိပ်မကြာခင်အတွင်း အာဖရိကနိုင်ငံ (၃၀) ကျော်ကိုသွားပြီး လက်ဝှေ့နှီးနှောဖလှယ်ပွဲလုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။


“လက်ရှိအနေအထားအရ ပြည်တွင်းရိုးရာလက်ဝှေ့သမားတွေနဲ့ ချန်ပီယံခါးပတ်ကာကွယ်ရဖို့မရှိဘူး၊ အဲဒါကြောင့် ထိုင်းနိုင်ငံကထိပ်တန်းလက်ဝှေ့ကျော်တစ်ယောက် ဒါမှမဟုတ် UFC ကစားသမားတစ်ယောက်ယောက်နဲ့ ယှဉ်ပြိုင်ထိုးသတ်ချင်တယ်” လို့ ဒေ့ဗ်က ပြောပါတယ်။


Source: Yoyarlay