ပင်လောင်းက နမ်းနှိမ်ရွာ အစုလိုက် သတ်ဖြတ်မှု စစ်ကောင်စီ ငြင်းဆို


ပင်လောင်းက နမ်းနှိမ်ရွာ အစုလိုက် သတ်ဖြတ်မှု စစ်ကောင်စီ ငြင်းဆို

ရှမ်းပြည်တောင်ပိုင်း ပင်လောင်မြို့နယ် နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်းမှာ ခိုလှုံနေသော ရဟန်း ၃ ပါး နဲ့ ပြည်သူ အယောက် ၃၀ သတ်ဖြတ် ခံရမှုနဲ့ ပတ်သက်ပြီး သူတို့ လက်ချက် မဟုတ်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုလိုက်ပါတယ်။


ပြည်တွင်း သတင်းဌာန တခုဖြစ်တဲ့ Popular News Journal ကို ပြောကြားရာမှာ...


"ပင်လောင်းဒေသဆိုတာ ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဖြစ်တယ်။ တည်ငြိမ်အေးချမ်းတဲ့ ဒေသလည်းဖြစ်ပါတယ်။ သူနဲ့နီးစပ်တဲ့ ကယား ပြည်နယ် မှာ တိုက်ပွဲတွေဖြစ်နေတယ်၊ မငြိမ်မသက်တွေ ဖြစ်နေတယ်၊ မတ်လဆန်းလောက်မှာ တောင်ဘက်မှာရှိတဲ့ KNPP/KNDF အဖွဲ့တွေက ပအိုဝ်းဒေသကို နှောင့်ယှက်တိုက်ခိုက်တာတွေရှိတယ်" လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားပါတယ်။ 


ဒါ့အပြင်

"မတ် ၁၁ ရက်ည ၉ နာရီလောက်မှာ လုံခြုံရေးအ ဖွဲ့ဝင်တွေကို KNPP/KNDF အဖွဲ့တွေက စပြီးပစ် ခတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ လက်နက်ကိုင် အဖွဲ့တွေက ရွာထဲကို ဝင်ပြေးသွားပြီး ပစ်ခတ် တာတွေရှိတယ်။ ကျွန်တော်တို့က သူတို့ရဲ့ အလောင်းနဲ့ လက်နက်တချို့ကို ရရှိခဲ့တယ်" 


"ပအိုဝ်းပြည်သူ့စစ်တွေ၊ ဒေသခံလုံခြုံရေးအဖွဲ့တွေ ပြည်သူတွေနဲ့ တပ်မတော်ကြားမှာ ထင်ယောင် ထင်မှားဖြစ်စေဖို့ အတွက်လုပ်ဆောင် တာဖြစ်ပါတယ်။ ဒီသတင်းတွေကိုထုတ်လွှင့်တာဖြစ်တယ်။ ပြစ်မှု ကျူးလွန်သူ၊ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေဟာ ဒီလူတွေပဲဖြစ်ပါတယ်" လို့လည်း ပြော ကြားသွားပါတယ်။