မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ရင်းမြစ်ရှားပါးလုနီးပါးဖြစ်နေတယ်လို့ ထိုင်းပြော


မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့ရင်းမြစ်ရှားပါးလုနီးပါးဖြစ်နေတယ်လို့ ထိုင်းပြော

ထိုင်းနိုင်ငံက မြန်မာဓာတ်ငွေ့တွေကိုတင်သွင်းသုံးစွဲနေရပေမယ့် လက်ရှိမြန်မာရဲ့ဓာတ်ငွေ့ရင်းမြစ်တွေကရှားပါးလုနီးပါးဖြစ်နေပြီလို့ ထိုင်းအစိုးရစွမ်းအင်ဝန်ကြီးဌာနရဲ့ အချက်အလက်တွေကဆိုပါတယ်။


ထိုင်းနိုင်ငံကသုံးစွဲတဲ့ဓာတ်ငွေ့ပမာဏစုစုပေါင်းရဲ့ ၁၅ရာခိုင်နှုန်းကို မြန်မာကတင်သွင်းနေတာဖြစ်ပေမယ့်လက်ရှိမြန်မာမှာဓာတ်ငွေ့ရင်းမြစ်တွေကရှားပါးလုနီးပါးဖြစ်နေပြီး ၂၀၂၂ခုနှစ်အတွင်း မြန်မာမှထိုင်းသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုက ကုဗပေ(၆၈၄) သန်းကျဆင်းသွားတယ်လို့သိရပါတယ်။


မြန်မာနိုင်ငံကဓာတ်ငွေ့တင်သွင်းမှုကျဆင်းလာတဲ့အတွက်အစားထိုးဖို့ LNGဈေးကွက်ကိုထိုင်းဘက်ကရှာဖွေနေပြီး ၂၀၂၂ခုနှစ်အတွင်း ထိုင်းဟာအရှေ့တောင်အရှမှာ LNG ဓာတ်ငွေ့ရည်တင်သွင်းတဲ့ ထိပ်တန်းနိုင်ငံဖြစ်လာတယ်လို့သိရပါတယ်။


မကြာသေးမီကလည်းထိုင်းအစိုးရပိုင် PTTEPအနေနဲ့ မြန်မာနိုင်ငံမှာသဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းကရွှေ့ဆိုင်းဖို့ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာကမ်းလွန်ရေနံလုပ်ကွက် ၅၁ကွက် မှာ လုပ်ကွက် ၈ကွက်က သဘာဝဓာတ်ငွေ့တွေ့ရှိပြီး ပြည်တွင်းပြည်ပသို့တင်ပို့ရောင်းချနေတယ်လို့သိရပါတယ်။


လက်ရှိမြန်မာနိုင်ငံအနေနဲ့ အဓိကနိုင်ငံခြားဝင်ငွေကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကရရှိတယ်လို့လည်းသက်ဆိုင်ရာထုတ်ပြန်ထားမှုတွေရှိပါတယ်။

>