ဒန့်ဒလွန်ရွက် စားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ


ဒန့်ဒလွန်ရွက် စားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ

ဒန့်ဒလွန်ရွက် စားခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးများ


ဒန့်ဒလွန်ပင်ကို လူသိများရခြင်းရဲ့ အဓိက အကြောင်းအရင်းကတော့ သွေးတိုးကျစေနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒန့်ဒလွန်ပင်က အရွက်၊ အသီး၊ သတ္တုရည်၊ အမြစ်၊ အခေါက်၊ အစေ့ နဲ့ အပွင့်တွေက အစ တစ်ပင်လုံးက ဆေးဖက်ဝင်တဲ့ ဂုဏ်သတ္တိတွေ ပါဝင်နေပါတယ်။ ဒန့်ဒလွန်ရွက်မှာ အာဟာရမြင့်မားစွာ ပါဝင်ပါတယ်။


ဒန့်ဒလွန်ရွက်မှာပါတဲ့ အာဟာရသတ္တုဓာတ်တွေ မုန်လာဥနီ၊ လိမ္မော်သီးနဲ့ နို့တွေထက်ပင် အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်ကို အစိမ်းထောင်းပြီးသောက်တာ၊ ချက်စားတာအထိ အားလုံးမှာ အာဟာရ သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ဒန့်ဒလွန်ရွက် စားသုံးပေးခြင်းကြောင့် ရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။


(၁) ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝခြင်း


ဒန့်ဒလွန်ရွက်မှာ ဗီတာမင် A, B, C(thiamin), B2(riboflavin), B3(niacin), B6 နဲ့ Folate ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါအပြင် မဂ္ဂနီဆီယမ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒန့်ဒလွန်ရွက် တစ်ခွက်စာတွင် ပရိုတင်း ၂ ဂရမ်၊ မဂ္ဂနီဆီယမ် (RDA 8%)၊ ဗီတာမင် B6 (RDA 19%)၊ သံဓာတ် (RDA 11%)၊ Riboflavin (11%)၊ ဗီတာမင်အေ (RDA 9% )လောက်ထိ ပါဝင်ပါတယ်။


(၂) အမိုင်နိုအက်ဆစ်ဓာတ် ကြွယ်ဝခြင်း


ဒန့်ဒလွန်ရွက်မှာ အမိုင်နိုအက်ဆစ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ပရိုတင်းဓာတ်တွေ တည်ဆောက်ပေးပါတယ်။ ဒန့်ဒလွန်ရွက်တွင် အမိုင်နိုအက်ဆစ် ၁၈ မျိုးပါရှိပြီး တစ်ခုချင်းစီက ကျန်းမာရေးအတွက် အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေ ပေးနိုင်ပါတယ်။


(၃) ရောင်ရမ်းမှုကို တိုက်ဖျက်ပေးခြင်း


ရောင်ရမ်းခြင်းက နာကျင်မှုနှင့် ဒဏ်ရာများကို ခန္ဓာကိုယ်က သဘာဝအတိုင်း တုံ့ပြန်ပုံဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်တွင် isothiocyanates ပါဝင်မှုကြောင့် ရောင်ရမ်းမှုကိုဆန့်ကျင်ပါတယ်။ ရောင်ရမ်းခြင်းက ကင်ဆာ၊ အဆစ်အမြစ်ရောင်ရောဂါ၊ rheumatoid arthritis နှင့် autoimmune ရောဂါများ၏ မူလဇစ်မြစ် ဖြစ်ပါတယ်။  ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ရောဂါပိုးကူးစက်ခံရသောအခါတွေမှာ ခန္ဓာကိုယ်က ရောင်ရမ်းမှု တိုးလာပါတယ်။ အခြေခံအားဖြင့် ဒဏ်ရာကို အကာအကွယ်ပေးသည့် ယန္တရားတစ်ခုဖြစ်သော်လည်း မှားယွင်းသော နေထိုင်မှုပုံစံနှင့် ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကြောင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှု တိုးလာနိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းခြင်းက နာတာရှည်ကျန်းမာရေးပြဿနာများကို ဖြစ်စေနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်စားခြင်းက ရောင်ရမ်းမှုကို သက်သာစေပါတယ်။


(၄) သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း


သွေးတွင်းသကြားဓာတ် မြင့်မားနေခြင်းက လူတစ်ဦးချင်းစီတွင် ဆီးချိုရောဂါ ဖြစ်ပေါ်လာစေပါတယ်။ ဆီးချိုရောဂါက နှလုံးပြဿနာများနှင့် ခန္ဓာကိုယ်တွင်း အင်္ဂါများကို ပျက်စီးစေနိုင်ပါတယ်။ ဒါကိုရှောင်ရှားဖို့ ဆိုရင် သွေးတွင်းသကြားဓာတ်ကို ထိန်းထားဖို့လိုပါတယ်။ ဒန့်ဒလွန်ရွက်မှာ  isothiocyanates ပါဝင်မှုကြောင့် သွေးတွင်းသကြားဓာတ်ပမာဏကို တည်ငြိမ်စေသောကြောင့် သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးခြင်း အတွက် ပြီးပြည့်စုံသောအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။


(၅) ကိုလက်စထရောကို လျှော့ချပေးခြင်း


oats၊ flaxseeds နဲ့ almonds တွေအပြင် ဒန့်ဒလွန်ရွက်ဟာ ကိုလက်စထရော မြင့်မားခြင်းကို တိုက်ဖျက်နိုင်တဲ့ အားကိုးရတဲ့ ဆေးတစ်လက်ဖြစ်ပါတယ်။ ကိုလက်စထရောက နှလုံးရောဂါများကို ခံစားရစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပြီး ဒန့်ဒလွန်ရွက်ကို စားသုံးခြင်းက ကိုလက်စထရောပမာဏ မြင့်မားခြင်းကို  သိသိသာသာ တိုက်ဖျက်ပေးနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်က oleifera သည် ထိုအဆင့်များကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို ကာကွယ်ပေးပါတယ်။


(၆) အသည်းကို ကာကွယ်ပေးခြင်း


တီဘီရောဂါရှိသူများက တီဘီရောဂါတိုက်ဖျက်ရေးဆေးများ၏ ဆိုးကျိုးများကို လျော့ပါးစေသည့်အတွက် ဒန့်ဒလွန်ရွက်ရဲ့ အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်က အသည်းဆဲလ်များ ပြုပြင်မှုကို အရှိန်မြှင့်ပေးပြီး၊ ဒန့်ဒလွန်ရွက်မှာ ပိုလီဖီနောပါဝင်မှု မြင့်မားတာကြောင့် အသည်းကို oxidative ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။  ဒန့်ဒလွန်ရွက်က အသည်းမှာရှိတဲ့ ပရိုတင်းပမာဏကို တိုးစေပါတယ်။ အသည်း သွေးအဆိပ်သင့်ခြင်း၊ အဆီဇီဝဖြစ်ပျက်ခြင်းနှင့် အာဟာရစုပ်ယူမှုဆိုင်ရာနေရာဖြစ်ပြီး အသည်းအင်ဇိုင်းများက ပုံမှန်ဖြစ်မှသာ ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်က အသည်းအင်ဇိုင်းများကို တည်ငြိမ်စေတာကြောင့် စားသုံးပေးသင့်ပါတယ်။


(၇) အစာခြေလမ်းကြောင်းချို့ယွင်းမှုကို တိုက်ဖျက်ပေးခြင်း


ဒန့်ဒလွန်ရွက်က အစာခြေလမ်းကြောင်းဆိုင်ရာ ချို့ယွင်းမှုများကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ဝမ်းချုပ်ခြင်း၊ ဓါတ်ငွေ့၊ အစာအိမ်ရောင်ခြင်း နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်း ခံစားရသူများရဲ့ စားသောက်မှု ပုံစံထဲမှာ ဒန့်ဒလွန်ရွက်ကို  ထည့်သင့်ပါသည်။ ဒန့်ဒလွန်ရွက်မှာ ပဋိဇီဝဆေးနှင့် ပိုးသတ်နိုင်သော ဂုဏ်သတ္တိများ ပါရှိပြီး အစာခြေလမ်းကြောင်းဆိုင်ရာ ရောဂါများကို တိုက်ဖျက်ပေးနိုင်တဲ့  အကောင်းဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ ဒန့်ဒလွန်ရွက်မှာပါတဲ့ ဗီတာမင် ဘီ ပမာဏ မြင့်မားတာတောင်မှ အစာချေဖျက်မှုကို အားကောင်းစေပါတယ်။


(၈) အရိုးကျန်းမာရေးကို တိုးတက်စေခြင်း


ဒန့်ဒလွန်ရွက်မှာ ကယ်လ်စီယမ်နှင့် ဖော့စဖရပ် ကြွယ်ဝစွာ ပါဝင်ပါတယ်။  အရိုးကျန်းမာရေးအတွက် ဒီဒြပ်စင်နှစ်ခုစလုံးက လိုအပ်တယ်။ ဒန့်ဒလွန်ရွက်မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ သဘာဝ ပါတာကြောင့် အဆစ်အမြစ် ရောင်ရမ်းခြင်းကို သက်သာစေပြီး ပျက်စီးသွားတဲ့ အရိုးတွေကိုတောင် ကုသပေးနိုင်ပါတယ်။ ဒန့်ဒလွန်ရွက်က အရိုးပွရောဂါကို တိုက်ဖျက်ပေးပြီး အရိုးနှင့် သွားများကို သန်မာစေသည်။


(၉) ပိုးသတ်ဆေး


ဒန့်ဒလွန်ရွက်က သဘာဝပိုးသတ်ဆေးဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားများစွာကို တိုက်ထုတ်ပေးပါတယ်။  ဒဏ်ရာများကို ကုသရာတွင်ပင် အကျိုးရှိပြီး သွေးခဲခြင်းကို လျှော့ချပေးနိုင်တဲ့အတွက် ဒဏ်ရာများ၊ အသေးစား ဒဏ်ရာများနှင့် မီးလောင်ဒဏ်ရာများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။


(၁၀) နို့တိုက်မိခင်များအတွက် အကျိုးရှိခြင်း


မိရိုးဖလာ တိုင်းရင်းဆေးပညာတွင် နို့တိုက်မိခင်များက နို့များစေရန်အတွက် ဒန့်ဒလွန်ရွက်ကို ဟင်းခါးချက်သောက်ကြပါတယ်။ ပရိုတင်း၊ အရေးကြီးသော ဗီတာမင်များနှင့် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ဒန့်ဒလွန်ရွက် စားသုံးခြင်းက မိခင်ရော ကလေးပါ ကျန်းမာရေးကို အလွန်ကောင်းမွန်စေပါတယ်။


ဒန့်ဒလွန်ရွက်မှာ အခုပြောပြတဲ့ အာဟာရဓာတ်တွေ ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် နို့တိုက်မိခင်မဟုတ်တဲ့သူတွေလည်း စားသုံးပေးသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။



Ref: Moringa Leaves


>