လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာ


လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာ

ဒီနေ့ မတ်လ ၃ ရက် ( သောကြာနေ့) မှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံအတွက် အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ် ။ အစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေး အကျပ်အတည်းတွေကို ဖန်တီးနေတဲ့အတွက် အကြမ်းဖက်မှု့တွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုလိုက်တာပါ ။


လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ကို ဥရောပနိုင်ငံတွေက ပိတ်ဆို့အရေးယူမှု့တွေ ချမှတ်ခဲ့ပါတယ် ။ တော်လှန်ရေးပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့တဲ့အတွက် စစ်တပ်ကို ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေဟာ မထိန်းနိုင်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့တာပါ ။


၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီ ၁ရက်နေ့နဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်ကြားမှာ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု့တွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ် ။


" လက်နက်ကိုင်နဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် ခွဲခြားသိမြင်မှု့မရှိတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု့တွေနဲ့ လက်နက်ကြီးပစ်ခတ်မှု့တွေဟာ အကြမ်းဖက်မှု့တွေ ပိုမိုပြင်းထန်လာတယ်ဆိုတာကို သိသာစေပါတယ် ။ စစ်တပ်က အသုံးပြုနေတဲ့ နည်းဗျူဟာတွေဟာ လက်နက်ကိုင်အဖွဲ့တွေကို ဖြတ်လေးဖြတ်နဲ့ ဖြတ်တောက်ဖို့ ရည်ရွယ်နေပြီး အကြမ်းဖက် နှိမ်နင်းနေတာပါ။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာ တာဝန်တွေနဲ့ အခြေခံမူတွေကို အမြဲလိုလို ဂရုမစိုက်ဘူးဆိုတဲ့ အမူအယာတွေကို ပြသနေပါတယ် ။ ဒီလို ဆိုးရွားတဲ့ ကပ်ဆိုးကြီးကို အဆုံးသတ်ပေးဖို့ အရေးကြီးတဲ့ လုပ်ဆောင်မှု့တွေ စတင်ဖို့ လိုအပ်နေပါပြီ ။ "


လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က အစီရင်ခံစာမှာ တင်ပြထားပါတယ် ။


ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေးရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲဖြစ်သူ James Rodehaver က မြန်မာနိုင်ငံရဲ့ နယ်မြေ ၇၇ ရာခိုင်နှုန်းမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ် ။


" မြန်မာနိုင်ငံမှာ ဒီလောက်ကြီးမားပြီး အန္တရာယ်များတဲ့ အခြေအနေတွေကို ကျွန်တော်ရောက်တဲ့ အချိန်ကစပြီး မတွေ့ဖူးသေးပါဘူး ။ "


လို့ မစ္စတာဂျိမ်းက ဂျီနီဗာမှာ ပြောကြားထားပါတယ် ။


" ဒီ ပြဿနာကို အဆုံးသတ်ဖို့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ လိုအပ်ပါတယ် ။ "

လို့ အစီရင်ခံစာက ဆိုပါတယ် ။


ရိုက်တာသတင်းဌာနဟာ

" လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာအပေါ်မှာ ဘယ်လိုတုံ့ပြန်ချင်သလဲ "

ဆိုတဲ့ မေးခွန်းကို မြန်မာစစ်တပ်က ပြောရေးဆိုခွင့်ရှိသူထံ အီးမေလ်းပို့ မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး ။


သုံးသပ်ရမယ်ဆိုရင် ......၊

မြန်မာ့အရေးဟာ ပြည်တွင်းမှာ တော်လှန်အားတွေ မြင့်တက်လာသလို ၊ ပြည်ပ ဖိအားကလည်း စည်းမျဉ်းစမ်းကမ်းအတိုင်း လှုပ်ရှားနေပါတယ် ။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့က GCR2P အဖွဲ့ကြီး က ရက်စက်ကြမ်းကြုတ်မှု့ အဖြစ်နဲ့ တင်ပြထားပါတယ် ။ ဒါဟာ R2P ကို ချဉ်းကပ်နေတာပါ ။ လုပ်ထုံးလုပ်နည်းအရတော့ သွားနေပါတယ် ။ ဒီနေ့မှာတော့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အစီရင်ခံစာထုတ်ပြီး တောင်းဆိုလိုက်ပါတယ် ။


မြန်မာနိုင်ငံဟာ အခုအချိန်မှာ R2P Monitorအဆင့်ကို ရောက်နေပါတယ် ။ R2P Monitor ဆိုတာက ကုလသမဂ္ဂ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးတပ်တွေ ဝင်လာဖို့အတွက် စောင့်ကြည့် စုံစမ်းနေတဲ့ အဆင့်ကို ရောက်နေတာပါ ။


ဒါဟာ ကျွန်တော့်ရဲ့ လေ့လာမှု့သာ ဖြစ်ပါတယ် ။ ကုလသမဂ္ဂ လက်အောက်ခံ ငြိမ်းချမ်းမှု့ ထိန်းသိမ်းရေးတပ်တွေ ဝင်လာဖို့ စောင့်ကြည့် စုံစမ်းနေတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုလိုတာပါ ။ ပြည်တွင်းမှာလည်း NUG ရဲ့ တိုက်ပွဲတွေ ပြင်းထန်လာဦးမယ်လို့ ခန့်မှန်းရပါတယ် ။


မိတ်ဆွေအချို့ကတော့ တော်လှန်ရေးအလှုငွေ ကောက်ခံသူတွေရဲ့ အဖြစ်မှန်သတင်းကို မက်ဆေ့ဂျာကနေ တောင်းဆိုလာကြပါတယ် ။ ဒါဟာ ဖြစ်တတ်တဲ့ သဘာဝတွေပါ ။ မြန်မာပြည်သူတွေ မအ ဖို့တော့ လိုပါတယ် ။


ဘကြီးအောင် LA

>