ပရိသတ်ကြီးရေ သရုပ်ဆောင် စမိုင်းလ်ကတော့ လက်ရှိ အမေရိကားနိုင်ငံတွင် နေထိုင်ရင်း စီးပွားရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူမတို့ မိသားစုဟာ ရုန်းကန်လှုပ်ရှားစရာမလိုဘဲ ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေကြသူတွေ ဖြစ်ပါတယ်။ အချိန်တိုအတွင်း ကျိကျိတက်ချမ်းသာလာတာကြောင့်လည်း ပရိသတ်တွေက သံသယဖြစ်နေကြတာပါ။
စမိုင်းလ်ကတော့ အမေရိကားက ဇိမ်ခံအိမ်ကြီးဝယ်ပြီးနောက်ပိုင်း သူမရဲ့အမိုက်စားအိမ်အကြောင်းကို အမြဲလိုလို ကြွားလုံးထုတ်လေ့ရှိပါတယ်။ ထမင်းစားပန်းကန်ကအစ ရွှေအစစ်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး တစ်အိမ်လုံးရဲ့အသုံးအဆောင်ပစ္စည်းတွေကိုလည်း ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV တံဆိပ်ဖြင့်သာ အသုံးပြုထားတာကို မြင်တွေ့ရပါတယ်။ သူတို့မိသားစုဟာ ခရီးထွက်တိုင်း Private Jet ဖြင့်သာ သွားလေ့ရှိကြတာလည်း ဖြစ်ပါတယ်။
သူတို့ရဲ့လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိရာ မကြာသေးခင်က စမိုင်းလ်ရဲ့Instagram Story တွင် ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ တစ်အိမ်လုံးမှာရှိတဲ့ အသုံးဆောင်ပစ္စည်းများကို ရွှေအစစ်ဖြင့်သာ ပြုလုပ်ထားကြောင်း ပုံနှင့်တကွ ထုတ်ကြွားလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို သိရှိနိုင်စေဖို့ အခုပဲ တင်ဆက်ပေးလိုက် ရပါတယ်နော်။