အဆိုတော်အာဘွိုင်းကတော့ သီချင်းကောင်းတွေလည်းထွက်ရှိထားကာ ပရိသတ်တွေလက်ခံအားပေးနေကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ် ။ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို လက်တွဲညီညီ ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ စုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ ။
လိုက်ဖက်ညီလွန်းပြီး တစ်ယောက်ကိုတစ်ယောက် ကြင်နာတတ်တဲ့ ရိုမန်တစ်ပုံရိပ်လေးတွေအပြင် အားကျစရာကောင်းလွန်းတဲ့ မိသားစုပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အပျော်လေးတွေကူးစက်စေပြီး ချစ်စရာသမီးလေး Scarlett နဲ့ သားလေး Jaden လေးကလည်း အသည်းယားစရာကောင်းလွန်းတာ အမှန်ပါပဲ ။
သားနဲ့ သမီးရဲ့ ချစ်စရာ ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ အခုလည်း သူရဲ့ လက်ကို ကိုင်ကာ အိပ်နေတဲ့ သမီးလေးကို ကြည့်ပြီး အချစ်တွေပိုကာ ပုံလေးတွေနဲ့အတူ ” ကိုယ့်ရဲ့ ချွဲစိန်လေး လက်လက် မြတ်ရတနာကျော်တို့ နေခဲ့လိုက်တော့… ” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Kyaw Phyo Tun