သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကတော့ ပီပြင်တဲ့သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူ အနုပညာလောကထဲကို ဝင်ရောင်လာခဲ့ပြီး ချစ်စရာကောင်းပြီးဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ဖမ်းစားထားနိုင်သူလေးပါ ။
ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများကိုပါ ပီပီပြင်ပြင်နဲ့ ပိုင်နိုင်ကျွမ်းကျင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမကတော့ အခုဆိုရင် ထိပ်တန်းကနေ အောင်မြင်နေကြတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်နော် ။
သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာကိုတွေ့ရပါတယ် ။ အခုလည်း ကမ်းခြေအထက်မှာ နေဝင်ချိန်အလှတရားတွေနဲ့ အပြိုင် ဆွဲဆောင်မှုရှိရှိလေး မိမိုက်လွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းက လန်းလွန်းလို့ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။
Yuan – Cele Zone
Photo – Ei Chaw Po