အဆိပ် အားလုံးရဲ့ဖြေဆေး ဟင်းငုတ်ပင် (ခေါ်)သခွပ်ပင် ရဲ့ ဆေးဖက်ဝင်ပုံ
မြွေဆိပ်နိုင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင့်ယောအခေါ် ဟင်းခတ်ပွင့် ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက် ဟင်းဂုတ်ပင် ဟင်းခတ်ပင်ဟု ခေါ်ကြသည်။
တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။ အခေါက် ဆေးဘက်ဝင်ဝင်ပုံ –
၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။(မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ)
၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးစားပါ။
၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။
၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။
အပွင့် –
၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည်
၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက် သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။
၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာ တော် တော်များများအပွင့်သုပ်စား နေကြသည်။
၄။ ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအ ဖြစ်လည်းသုံးသည်။
အရွက်
၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။
၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။
၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၄င်း။ကလေးများကျန်း မာရေးအတွက်၄င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။
၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်း သော်လည်း အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။ချုပ်အားဖြင့်…
မြွေပွေး။မြွေဟောက်ကိုက်ခံရသူများအခေါက်စားသွားသဖြင့်ဆေးရုံရောက်သည့်အခါအဆိပ်မရှိတော့။တဦးကလက်သန်းမြွေပွေးကိုက်ရာမြွေပါအစွယ်နှင့်ချိတ်ပါလာသည်။
သူကတော့ဆေးရုံမသွားတော့ဘဲအခေါက်စား။အရွက်နှင့်စည်းထားခဲ့သည်။သစ်ကြီးပိ။မြွေကြီးကိုက် ဆိုလျှင်အန္တရာယ်ကြီးလွန်းသည်။ခြေသလုံးအ ထက်ကြီးသည့်မြွေအရွယ်ဆိုလိုပါသည်။မြွေကြီးတော့အဆိပ်အလွန်များတော့ အမြန်ဆုံးအခေါက်စားရန်လိုပါမည်။
ရှေးဦးသူနာပြုနည်းမလုပ်ရ ဟုဆိုလိုခြင်းမဟုတ်ပါ။အိမ်။လယ်ယာ အနီးရှိဟင်းငုတ်ပင်များအားခုတ်ခြင်းမပြုဘဲ။နေရာရှိလျှင်စိုက်ထားသင့်သည့်အပင်ဖြစ်ပါ သည်။ မိမိတွင်ရုက္ခဗေဒစာအုပ်များမရှိပါ။လက်ရှိအသုံးပြုနေပုံများ။သက်ကြီးစကား ကြားများ။အတွေ့အကြုံ များအားဖေါ်ပြထားခြင်းဖြစ်ပါကြောင်း။
Credit – မူရင်း