မွေးပြီးတာ (၅)ရက်သာ ရှိသေးတဲ့ သမီးလေးက ဓမ္မတာလာလို့ ဆရာဝန်နဲ့ ပြကြည့်လိုက်တဲ့အခါ

2019-10-10 16:12:07


မွေးပြီးတာ (၅)ရက်သာ ရှိသေးတဲ့ သမီးလေးက ဓမ္မတာလာလို့ ဆရာဝန်နဲ့ ပြကြည့်လိုက်တဲ့အခါ

မွေးပြီးတာ (၅)ရက်သာ ရှိသေးတဲ့ သမီးလေးက ဓမ္မတာလာလို့ ဆရာဝန်နဲ့ ပြကြည့်လိုက်တဲ့အခါ


တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တစ်ခုက Apannpyay ပရိသတ်တွေကို အံ့သြမှုတစ်ခုဖြစ်စေပါလိမ့်မယ်။ မွေးဖွားပြီး ငါးရက်ပဲရှိသေးတဲ့ သမီးလေးဟာ အမျိုးသမီးတွေ လစဉ်ဖြစ်လေ့ရှိတဲ့ ဓမ္မတာကိစ္စရပ်တစ်ခုဖြစ်ခဲ့ပါတယ်။


တရုတ်သတင်းဌာန China Press ရဲ့ ဖော်ပြချက်မှာ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ သမီးလေးကို မွေးပြီးတဲ့နောက် (၅)ရက်မြောက်နေ့မှာ ထူးဆန်းတာတွေ့ခဲံရပါတယ်။ ဓမ္မတာလာနေတာဖြစ်ပြီး ထူးဆန်းတဲ့အတွက် ကြောက်လန့်ကာ ဆေးရုံကို အချိန်မီပြေးခဲ့ပါတယ်။


ဆရာဝန်ဆီအရောက်မှာတော့ သူမစိုးရိမ်နေတဲ့ ကိစ္စကို ဒေါက်တာက အေးဆေးရှင်းပြခဲ့ပါတယ်။ Dr. Wang က ဒီကိစ္စဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲဖြစ်ပြီး အကြောင်းက ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကလေးကိုနောက်ဆုံးအနေနဲ့ ချက်ကနေ တဆင့် အက်စတိုဂျင်လွှတ်လိုက်တာကြောင့်ပါ။


အဲဒီအချိန်မှာ အက်စတိုဂျင်က ချက်ကြိုးအဟောင်းကနေတဆင့် ကလေးရဲ့ သားအိမ်ကိုသွားလှုံ့ဆော်တဲ့နောက်မှာ မွေးပြီး တစ်ပတ်အတွင်းမှာပဲ သားအိမ်ကနေ ဓမ္မတာအသေးစားလို့ခေါ်တဲ့ ကိစ္စလေးကို ဖြစ်စေတာပါ။ ဒါဟာ မိန်းကလေးငယ်လေးတွေမှာဖြစ်နေကျ ဖြစ်ပေမဲ့ အများစုမှာတော့ မဟုတ်ဘဲ မွေးကာစလေးတွေမှာ ဖြစ်တတ်တာပါ။


ထပ်ရှင်းပြခဲ့တာက အဲဒီလိုအသေးစားလေးပြီးတာနဲ့ (၁၀)နှစ်လောက်အထိ ဓမ္မတာရပ်နေမှာဖြစ်ပြီး၊ ပြီးကာမှ အရွယ်ရောက်တဲ့ဖြစ်စဉ်တွေလာမှာဖြစ်တယ်လို့ဆိုခဲံပါတယ်။ အဲဒီအခါကျမှ အမေဖြစ်သူကလည်း စိတ်အေးခဲ့ရပြီး၊ ပုံမှန်ဖြစ်စဉ်တစ်ခုလို သိခဲ့ရပါတယ်။


ဖြစ်တာကလည်း မွေးကင်စ တစ်ပတ်အတွင်းမှာပဲ ဖြစ်တာဖြစ်တဲ့အတွက် မဖြစ်ရင်လည်း မဖြစ်ဘူးလို့ သိရပါတယ်။


သူရေး (Apannpyay)