ဇန်နဝါရီ(၂၅) ရက်နေ့ ၊ နံနက် (၁)နာရီ (၄၅)မိနစ်ခန့်က တောင်ကိုးရီးယားနိုင်ငံ ၊ ဆောဂွီဖိုမြို့ ၊ ဂျယ်ဂျူပင်လယ်ထဲမှာ တရုတ်နိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၈) ယောက် လိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ပင်လယ်ပြင်အတွင်း နောက်ဆက်တွဲသတင်းများအရ မြန်မာသင်္ဘောသားတွေပါဝင်တဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်မှုမှာ (၂) ဦးသေဆုံးပြီး (၉) ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ပြောကြားခဲ့ပေမယ့် တကယ်တမ်း ပျောက်ဆုံးနေခဲ့တာဟာ (၁၃)ဦး ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
ကုန်တင်သင်္ဘောနစ်မြုပ်မှုအတွင်း သင်္ဘောပေါ်လိုက်ပါခဲ့သူများအနက် (၂) ဦးမှာ သေဆုံးခဲ့ပြီး (၉) ဦးပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပြီး ရှာဖွေမှုများအတွင်း ဇန်နဝါရီ(၂၅)ရက်နေ့က ရှာဖွေတွေ့ရှိမှုအရ သေဆုံးခဲ့သူ (၂) ဦး ရှိနေခဲ့ပြီး
ယမန်နေ့ ဇန်နဝါရီ (၂၆)ရက်နေ့က ရှာဖွေတွေ့ရှိမှုအရ ကုန်တင်သင်္ဘောနစ်မြုပ်ခဲ့မှုအတွင်း မြန်မာနိုင်ငံသား (၂) ဦးအပါအဝင် စုစုပေါင်း (၈) ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇန်နဝါရီလ (၂၅) ရက်နေ့ နံနက်အစောပိုင်းအချိန်ကစပြီး ဂျယ်ဂျူကျွန်း၊ ဆောဂွီဖိုမြို့အရှေ့တောင်ပိုင်းရဲ့ (၁၄၈) ကီလိုမီတာအကွာက ပင်လယ်ပြင်မှာ မြန်မာသင်္ဘောသား (၈) ဦးအပါအဝင် သင်္ဘောသား (၂၂) ဦးလိုက်ပါလာတဲ့ ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့မှုကြောင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များအပါအဝင် ဂျပန်ရဲတို့ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ ဇန်နဝါရီလ (၂၆) ရက်နေ့မှာတော့ ဂျပန်ကမ်းရိုးတန်းစောင့်တပ်ဖွဲ့က လူ (၁၃) ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ထို (၁၃) ဦးအနက် (၈) ဦးမှာ အသက်ပါမလာတော့ဘဲ သေဆုံးသူများအတွင်း မြန်မာနှစ်ဦး ပါဝင်တာဖြစ်တယ်လို့ သိရပါတယ်။