လေထီးနှစ်ခုစလုံး မပွင့်လို့ အမြင့်ပေ(၂၆၂၅)မှ ပြုတ်ကျခဲ့တဲ့ ကျွမ်းကျင်လေထီးခုန်သမားရဲ့ ဖြစ်ရပ်

2019-10-10 16:07:03


လေထီးနှစ်ခုစလုံး မပွင့်လို့ အမြင့်ပေ(၂၆၂၅)မှ ပြုတ်ကျခဲ့တဲ့ ကျွမ်းကျင်လေထီးခုန်သမားရဲ့ ဖြစ်ရပ်

လေထီးနှစ်ခုစလုံး မပွင့်လို့ အမြင့်ပေ(၂၆၂၅)မှ ပြုတ်ကျခဲ့တဲ့ ကျွမ်းကျင်လေထီးခုန်သမားရဲ့ ဖြစ်ရပ်


လေထီးအမြင့်ခုန်ရာမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ ဝါရင့်လေထီးခုန်သမားတစ်ဦးဟာ ထင်မှတ်မထားတဲ့ မတော်တဆမှုကြောင့် အသက်ပေးလိုက်ရပြီလို့ DailyStar သတင်းစာက ဖော်ပြပါတယ်။ ဒီအကြောင်းကို ApannPyay က ဘာသာပြန်တင်ဆက်လိုက်တာပါ။


လေထီးခုန်သမားရဲ့ အမည်မှာ မီခေးလ်ပရိုခိုရော့ဗ် (Mikhail Prokhorov) လို့ သိရပြီး၊ ရုရှားလူမျိုးတစ်ယောက်ပါ။ အသက်(၃၅)နှစ်ဖြစ်ပြီး၊ ဝါရင့်အမြင့်ခုန် လေထီးသမာတစ်ဦးဖြစ်ပါတယ်။ သူဟာ အမြင့်ပေ (၂၆၂၅)ကနေ ခုန်ချခဲ့ရာ၊ လေထီးတွေ မပွင့်သလို၊ အရံလေထီးကလည်း အလုပ်မလုပ်ခဲ့ပါဘူးတဲ့။


အခင်းဖြစ်နေရာကို ဆေးဘက်ဆိုင်ရာ အဖွဲ့ဝင်တွေ အမြန်ရောက်သွားခဲ့ပေမယ့်၊ မီခေးလ်ဟာ ရရှိတဲ့ဒဏ်ရာတွေကြောင့် အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ သူဟာ အခု လေထီးခုန်ခြင်းကို (၃၅)ကြိမ်မြောက် ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ သူဟာ Russian aviation paramedic လည်း ဖြစ်ပါတယ်။


ရုရှုားစုံစမ်းရေးအဖွဲ့ကတော့ ဒီကိစ္စကို လူသတ်မှုလား၊ တစ်စုံတစ်ယောက်ရဲ့ ပယောဂနဲ့ သေဆုံးစေခဲ့တာလား၊ လေထီးနှစ်ခုစလုံးတကယ်မပွင့်တာက မတော်တဆမှုလေလားဆိုတာ စုံစမ်းနေပါသတဲ့။ နောက်ပြီး သူနဲ့အတူ ရှိနေခဲ့တဲ့ လေကြောင်း ဆေးဝါးကျွမ်းကျင်တွေကိုလည်း စစ်မေးမှုတွေ ရှိနေပါတယ်။


နတ်သူကြီး APANNPYAY