စစ်ကောင်စီတပ်သားတွေ ဘယ်ပြေးလို့ ပြေးရမှန်းမသိအောင် ဒရုန်းနဲ့ ဗုံ-းကျဲခဲ့တဲ့ ကယားကဒရုန်းတပ်ဖွဲ့


စစ်ကောင်စီတပ်သားတွေ ဘယ်ပြေးလို့ ပြေးရမှန်းမသိအောင် ဒရုန်းနဲ့ ဗုံ-းကျဲခဲ့တဲ့ ကယားကဒရုန်းတပ်ဖွဲ့

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲကျေးရွာအတွင်းမှာ တပ်စွဲပြီး ပြည်သူ့နေအိမ်တွေကို ဖျက်ဆီးကာ ဓားပြတိုက်တာ၊ မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ် (လွိုင်ကော်) နဲ့ Falcon Wings တို့ ပူးပေါင်းကာ ဝေဟင်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြတယ်လို့် ထုတ်ပြန်ပါတယ်။


တိုက်ခိုက်ရေးအစီအစဉ်တွေအပြင် ကရင်နီပြည်ရှိ ပူးပေါင်းတပ်တွေရဲ့ စစ်ကြောင်းတွေဟာလည်း မြေပြင်မှာ တိုက်ခိုက်နေခဲ့ပြီး လ ပေါင်းများစွာ ကြာမြင့်အောင် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို အထိနာစေခဲ့တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။


တိုက်ပွဲမှာ ပူးပေါင်းတပ်တွေဘက်က ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိမှု ကြီးမားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါစစ်ဆင်ရေးတွေဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ (၁၈) ရက်၊ (၂၄) ရက်နဲ့ (၂၈) ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဖြစ်ပြီး တောင်တန်းဂီတကရရှိတဲ့ ရန်ပုံငွေတွေနဲ့ ပြုလုပ်တဲ့ စစ်ရေးအစီအစဉ် အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ PDF လွိုင်ကော်က ထုတ်ပြန်ထားပါတယ်။


>