လူနာကိုဆေးရုံပို့ဖို့ တောင်ပေါ်လမ်းကြမ်းကို ကိုယ်တိုင်မကြောက်မဝံ့ဖြတ်မောင်းခဲ့တဲ့ ဆရာဝန်မ

2019-10-10 16:05:39


လူနာကိုဆေးရုံပို့ဖို့ တောင်ပေါ်လမ်းကြမ်းကို ကိုယ်တိုင်မကြောက်မဝံ့ဖြတ်မောင်းခဲ့တဲ့ ဆရာဝန်မ

လူနာကိုဆေးရုံပို့ဖို့ တောင်ပေါ်လမ်းကြမ်းကို ကိုယ်တိုင်မကြောက်မဝံ့ဖြတ်မောင်းခဲ့တဲ့ ဆရာဝန်မ


ဆေးလောကက ဝန်ထမ်းတွေဟာ အရေးကြုံလာရင် ကျရာနေရာကနေ ကိုယ်တိုင်ဝင်ပြီး စွမ်းစွမ်းတမံစွမ်းဆောင်တတ်ကြပါတယ်။ လိုအပ်လာရင် ဒရိုင်ဘာလည်းဖြစ်သွားသလို လူနာအသက်ထက်အရေးကြီးတာမရှိတော့ပါဘူး။ ဒီအထဲမှာ အိန္ဒိယက ဆရာဝန်မလေးကလည်း အပါအဝင်ပါ။


သူမဆေးကုနေတဲ့ လူနာတွေထဲက တစ်ဦးဟာ ကလေးမီးဖွားဖို့ အချိန်ရောက်လာပါတယ်။ သူမအလုပ်လုပ်ပေးနေတဲ့ ရွာလေးက ဆေးရုံမှာ မွေးဖွားဖို့အဆင်မြပေတဲ့အတွက် အနီးဆုံးဆေးရုံကြီးကို လွှဲဖို့ ပြင်ဆင်လိုက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ ရွာဆေးရုံကားမောင်းတဲ့ ကားသမားရဲ့ နားရက်ဖြစ်နေတဲ့အတွက် ကားကိုမောင်းပေမဲ့သူမရှိပါဘူး။


ဒရိုင်ဘာလိုင်စင်ရှိနေတဲ့ သူမအတွက် ကိုယ်တိုင်မောင်းဖို့ ဆုံးုဖြတ်လိုက်ပြီး လူနာကို ဆေးရုံတင်ကားနဲ့ ခေါ်လာခဲ့ပါတယ်။ ရွာကနေ ဆေးရုံကြီးကိုသွားတဲ့လမ်းဟာ လမ်းမကောင်းတဲ့ တော်ပေါ်လမ်းကြမ်းတစ်ခုကို ဖြတ်ရတာဖြစ်တဲ့အတွက် တော်ရုံမောင်းဖို့ မလွယ်ပါဘူး။ ဒီအချိန်မှာ (၃၆)ကီလိုမီတာဝေးတဲ့ ဆေးရုံကို ဆရာဝန်မလေးက ဒရိုင်ဘာအဖြစ် တာဝန်ပြောင်းထမ်းဆောင်ခဲ့ပါတယ်။


အိန္ဒိယနိုင်ငံ၊ Meghalaya ဒေသမှာရှိတဲ့ တောင်ပေါ်လမ်းကြမ်းတွေကတေဆင့် Tura မှာရှိတဲ့ ဆေးရုံကို လူနာကလေးမွေးနိုင်ဖို့ (၃၆)ကီလိုမီတာခရီးလမ်းကြမ်းခရီးကို အခက်အခဲမရှိ ရောက်အောင်ပို့နိုင်ခဲ့ပြီး၊ လက်ရှိမှာ သူမရဲ့အကြောင်းကို လူပြောများနေကြပါတယ်။ သူမအလုပ်လုပ်နေတဲ့ ရွာဆေးခန်းက အနောက်ဂါရိုတောင်ကုန်းဒေလို့ သိရပါတယ်။


ကလေးရော မိခင်ပါကျန်းမာသလို ကားမောင်းချိန်မှာ အခက်အခဲတစ်ခုမှမရှိခဲ့တဲ့အတွက်လည်း လူနာဟာ သက်သက်သာသာနဲ့ ဆေးရုံမှာ မွေးနိုင်ခဲ့တယ်လို့သိရပါတယ်။


သူရေး (ApannPyay)