ဆေးဖို့ကုသငွေကုန်တာများလွန်းနေတဲ့အတွက်ခွေးလေးကို သတ်ပစ်ဖို့ သေအောင်ရိုက်ခဲ့တဲ့ဖခင်

2019-10-10 16:04:47


ဆေးဖို့ကုသငွေကုန်တာများလွန်းနေတဲ့အတွက်ခွေးလေးကို သတ်ပစ်ဖို့ သေအောင်ရိုက်ခဲ့တဲ့ဖခင်

ဆေးဖို့ကုသငွေကုန်တာများလွန်းနေတဲ့အတွက်ခွေးလေးကို သတ်ပစ်ဖို့ သေအောင်ရိုက်ခဲ့တဲ့ဖခင်


သမီးဖြစ်သူအတွက် အဖော်ရအောင် ခွေးလေးမွေးပေးထားပေမဲ့ ရောဂါဖြစ်လို့ ဆေးကုရချိန် ဆေးဖို့ပမာဏကို မြင်အပြီးမှာ များလွန်းတဲ့အတွက် သေအောင်ရိုက်သတ်ဖို့ကြိုးစားခဲ့တဲ့ ဖခင်တစ်ယောက်ရဲ့လုပ်ရပ်တစ်ခု တရုတ်နိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။


တရုတ်နိုင်ငံ Anhui ဒေသကြီးမှာရှိတဲ့ ဆေးရုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့အဆိုပါကိစ္စမှာ အဖေဖြစ်သူက အိမ်မွေးခွေးလေးတစ်ကောင်ကို ကန်ကျောက်နေခဲ့ပါတယ်။ သမီးဖြစ်သူက တားနေပြီး၊ မလုပ်ဖို့ကို အဖေဖြစ်သူကို တောင်းပန်နေပါတယ်။ သေအောင်ကန်မှဖြစ်မယ်လို့လည်း ဆိုနေပြီး၊ ခွေးလေးသေဖို့ကို ကြိုးစားအားထုတ်ခဲ့ပါတယ်။


အကြောင်းရင်းအနေနဲ့ ခွေးလေးဟာ နေမကောင်းဖြစ်နေတာပါ။ ဆေးကုသစရိတ်ကလည်း ပုံမှန်ထက်ပိုကုန်နေတဲ့အပြင် တရုတ်ယွမ်နဲ့တွက်ရင် ယွမ်(၅၀၀)နဲ့ (၆၀၀) ကြား ၊ အမေရိကန်ဒေါ်လာ (၉၇)နဲ့ (၁၁၆)ဒေါ်လာကြားကို လေးရက်တည်းနဲ့ စရိတ်ကုန်နေပါပြီ။ နှလုံးရောဂါဖြစ်တဲ့အတွက် အသက်ရှင်ဖို့ မသေချာတဲအဆုံးမှာ အဖေဖြစ်သူက ဆုံးဖြတ်လိုက်ပါတယ်။


ခွေးလေးကို နေရာမှာတင်သေအောင်ကန်ဖို့ ဖြစ်ပြီး၊ တစ်ချက်ကန်အပြီးနောက်ထပ်ထပ်ကန်ဖို့ အလုပ်မှာ သမီးက တားနိုင်လိုက်လို့ အဆင်ပြေခဲ့တာပါ။ ပိုဆိုးတာက ခွေးလေးရဲ့ ကျန်မားရေးက နောက်ပိုင်းမှာသက်သာလာခဲ့ပြီး တရုတ်ယွမ် (၃၀၀)ပဲထပ်ကုန်တော့မယ်လို့ ပြောအပြီးမှာတောင် မကုတော့ဘဲ ဆေးရုံကနေ အိမ်ကိုပြန်ခေါ်သွားမယ်လို့ လုပ်ခဲ့တာပါ။


ကံကောင်းခဲ့တာကတော့ ခွေးလေးဟာ အိမ်မှာ သက်သာနေတယ်လို့ သိရပြီး၊ အရင်ထက်ကျန်းမာရေး ပိုကောင်းနေတာကြောင့် အသက်ရှင်သေးတယ်လို့ ဆိုပါတယ်။ အဆိုပါခွေးလေးဟာ ုသူကိုယ်တိုင်ပဲ သမီးကိုဝယ်ပေးခဲ့တာဖြစ်တဲ့အပြင် ဆေးဖိုးတွေ ကုန်လာပြီး မပေးချင်တော့ချိန်မှာ သူကိုယ်တိုင်ပဲ သတ်ဖိ့ကို ကြိုးစားခဲ့တာဖြစ်ပါတယ်။


ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး တရုတ်မှာ လူပြောမျာနေပြီး၊ အဖေဖြစ်သူရဲ့လုပ်ရပ်ကို တော်တော်လေးဆိုးရွားတဲ့အကြောင်း မှတ်ချက်တွေ တသီကြီးနဲ့ ဝေဖန်နေကြပါတယ်။


သူရေး (ApannPyay)