အသက်(၄၀)ပိုကြီးတဲ့ ချစ်သူအဖိုးကြီးနဲ့ စေ့စပ်ခဲ့လို့၊ ဝေဖန်မှုတွေ ခံနေရတဲ့ကောင်မလေး

2019-10-10 16:04:13


အသက်(၄၀)ပိုကြီးတဲ့ ချစ်သူအဖိုးကြီးနဲ့ စေ့စပ်ခဲ့လို့၊ ဝေဖန်မှုတွေ ခံနေရတဲ့ကောင်မလေး

အသက်(၄၀)ပိုကြီးတဲ့ ချစ်သူအဖိုးကြီးနဲ့ စေ့စပ်ခဲ့လို့၊ ဝေဖန်မှုတွေ ခံနေရတဲ့ကောင်မလေး


လက်ရှိအချိန်မှာ အသက်(၂၃)နှစ်သာရှိသေးတဲ့ ကောင်မလေးဟာ သူမထက် အသက်(၄၀)ပိုကြီးတဲ့ ချစ်သူအဖိုးအိုနဲ့ စေ့စပ်ခဲ့တဲ့အတွက် အခုဆိုရင် ဝေဖန်မှုတွေ ခံနေရပါသတဲ့။ ဒါပေမယ့် သူမကတော့ ဝေဖန်မှုကို ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ ဒီအကြောင်းကို DailyStar သတင်းမှာ ဖော်ပြထားတာဖြစ်ပြီး-


ApannPyay ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ကောင်မလေးရဲ့နာမည်ကတော့ အက်ရှ်လစ်ဂ်ပက်ရိုင် (Ashleigh Petrie)ဖြစ်ပြီး၊ ခင်ပွန်းလောင်းအဖိုးကြီးရဲ့နာမည်ကတော့ ရော့ဒ်နေးဟစ်ဂင်စ် (Rodney Higgins) လို့ သိရပါတယ်။


ရော့ဒ်နေးဟာ အသက်(၆၃)ကျော်လို့ ယူဆရပါတယ်။ ဝေဖန်မှုတွေ များနေပေမယ့် အက်ရှ်လစ်ဂ်ကတော့ မင်္ဂလာဆောင်မယ့်ရက်ကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေပြီလို့ ပြောပါတယ်။ သူတို့နှစ်ယောက် အပြင်ထွက်တဲ့အခါတိုင်း အားလုံးက မြေးအဖိုးလို့ ထင်နေကြပါတယ်တဲ့။


ရော့ဒ်နေးဟာ ရာဇဝတ်မှုဆိုင်ရာ တရားသူကြီးတစ်ဦးဖြစ်ပြီး၊ အက်ရှ်လစ်ဂ်နဲ့ တရားရုံးမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။ အက်ရှ်လစ်ဂ်ရဲ့ ဆွေမျိုးတစ်ဦးဦး အမှုအခင်း ရင်ဆိုင်ရတုန်းက ဖြစ်ပုံရပါတယ်။ အဲဒီနောက် တရားသူကြီးရော့ဒ်နေးနဲ့ သူမတို့ ရင်းနီးခဲ့ကြပါတယ်။


ပြီးခဲ့တဲ့ မတ်လမှာ မြေးလိုအဖိုးလို ရင်းနီးမှုကနေ ချစ်သူဘဝကို တက်လှမ်းနိုင်ခဲ့ကြတာပါ။ ရော့ဒ်နေးမှာ အရင်အိမ်ထောင်နဲ့ သမီး(၃)ယောက်ရခဲ့ပြီး မြေးတွေတောင် ရထားတဲ့ အဖိုးဖြစ်ပါတယ်။ မင်္ဂလာပွဲပြီးရင်လည်း ကမ္ဘာပေါ်က ဇိမ်ခံနေရာတွေကို လှည့်လည်ဦးမှာလို့ သိရပါတယ်။


နတ်သူကြီး-ApannPyay