နာဆာ ညဖက်ဂြိုလ်တုပုံတွေအရ မြန်မာပြည်ရဲ့ မီးအလင်းအားလျော့နည်းသွားကြောင်းသိရ
အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံကို ညဖက်တွင် အာကာသမှ မြင်တွေ့ရသည့် လျှပ်စစ်မီးအလင်းအားလျော့နည်းသွားကြောင်း နာဆာ ဂြိုလ်တုက ညဖက်ရိုက်ကူးထားသော ဓါတ်ပုံများအား Myanmar Witness အဖွဲ့ကလေ့လာပြီး ယနေ့ထုတ်ပြန်လိုက်သည်။
ထိုသို့လေ့လာမှုတွင် Myanmar Witness က “မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေက မီးအလင်းရောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း သိသိသာသာ လျော့ကျလာတာ တွေ့ရှိရပါတယ်”ဟု ဆိုသည်။