ဆရာမလေး စုစုစံရဲ့ လဝေး ခန့်မှန်းချက် မိုးဦးစောမယ်နော်
Coming Soon Climate weather forecast ၂၀၂၃ လဝေး ခန့်မှန်းချက် Long range forecast
မင်းဂွတ်သီးလေးရဲ့ Long Kicks များကို ၂၀၂၃ ဇန်နဝါရီလ ၅ ရက်နေ့မှ ၁ဝ ရက်နေ့အတွင်း ခန့်မှန်းပေးနိုင်ရန်အတွက် ကြိုးစားနေပါတယ် like & share များ လုပ်ပေးထားကြပါ
ရန်ကုန်ကို ဆောင်းလေညှင်းလေး ရောက်ရှိလာပြီး အေးမြ သာယာနေပါလိမ့်မယ်
၂၀၂၃ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းတွင် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်းတွေသည် ဆောင်းသရုပ်ကို ပီပီပြင်ပြင် ရရှိနိုင်ပြီး အေးမြ သာယာနေပါလိမ့်မယ်
မနက်စောစော အနွေးထည် လှလှလေးတွေဝတ်ဆင်ကြပြီး ပဲပေးနိုင်ကြပါတယ်
ဒီနှစ်ဆောင်းက ပိုအေးလို့ လာတယ် အရင်ကထက် မအေးပါဘူး ပြောနေတဲ့သူတွေ အခု အေးနေပါပြီလို့ ပြောကုန်ကြပြီလေ
ပျောက်ဆုံးနေတဲ့ ရန်ကုန်ဆောင်း အလည်ပြန်လည် ရောက်ရှိနေပြီး အေးမြ သာယာနေပါလိမ့်မယ်
ပဲတီစိမ်း စိုက်ထားကြသူတွေ အပင်အားတိုးဆေးတွေ ဖြန်းပက်နိုင်ပါတယ် မိုး မရှိပါဘူး
မြူနှင်းလေးတွေနဲ့ အပင်လေးတွေ ကြီးထွားရှင်သန် အောင်မြင်ကြပါလိမ့်မယ်
ခန့်မှန်းပေးတဲ့သူ ကြည်နူးပီတိ ဖြစ်စေဖို့ရန်အတွက် မိမိအခင်းလေးတွေ ရိုက်ပြပေးကြပါ
စိုက်ပျိုးရေး ပညာရှင် မဟုတ်ပေမယ့် ဘာဆေးကို သုံးသင့်တယ် ဆိုတာလောက်တော့ အကြံပြုပေးနိုင်ပါတယ်နော်
Winds Chill Tanintharyi တနင်္သာရီ ဆောင်း ကြိုတင် ခန့်မှန်းပေးခဲ့တဲ့အတိုင်း တနင်္သာရီ တိုင်းဒေသကြီးကို ဆောင်းလေညှင်းလေး အလည်ရောက်ရှိနေပြီ ဖြစ်ပြီး အေးမြ သာယာနေပါလိမ့်မယ်
လဝေးခန့်မှန်းချက် မိုးဦးစောမယ်နော်
၂၀၂၃ မိုးရာသီအစ မေလအတွင်း ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းတွေမှာ မိုး စတင် ရွာသွန်းနိုင်ပြီး မိုးဦး စောစေနိုင်ပါတယ်
နွေရာသီ ရိတ်သိမ်းရမည့် ကောက်ပဲသီးနှံများကို ဧပြီလမှာ အပြီး ရိတ်သိမ်း အခြောက်လှမ်းပြီး လုံခြုံ စိတ်ချရတဲ့ နေရာမှာ သိုမှီး သိမ်းဆည်းထားကြဖို့ လိုပါတယ်
မိုးဦးစောမှာ ဖြစ်လို့ မိုးရာသီ စိုက်ပျိုးကြဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်
ကျန်တဲ့ ဒေသတွေကိုလည်း ခန့်မှန်းပေးနိုင်ရန်အတွက် ကြိုးစားနေပါတယ်
အရေးကြီးတဲ့ weather data အချက်အလက်အချို့ ဝယ်ယူမှု မရရှိသေးတဲ့အတွက် ခန့်မှန်းပေးနိုင်ရန် နှောင့်နှေး ကြန့်ကြာနေပြန်ပါတယ်
ဝယ်ယူ ရရှိပြီးတာနဲ့ တွက်ချက် စိစစ်ပြီး အချိန်နှင့် တပြေးညီ ခန့်မှန်းပေးသွားပါမယ်နော်
Credit To Original Writer