အမေရိကန်ရဲ့အကူအညီ၁၃၆ သန်းကျော် ဘယ်လိုသုံစွဲရမယ် နောက်ထပ်ဘယ်လိုကူညီမယ်ဆိုတာအသေးစိတ် ရေးရှင်းပြထားချက်..


အမေရိကန်ရဲ့အကူအညီ၁၃၆ သန်းကျော် ဘယ်လိုသုံစွဲရမယ် နောက်ထပ်ဘယ်လိုကူညီမယ်ဆိုတာအသေးစိတ် ရေးရှင်းပြထားချက်..

$ ပေါက်တွေ ကြိုပိတ်ကြနော် Anti NUG တွေ !


ခု NUG က လုပ်လာမည့် ပညာရေး ကျန်းမာရေး စသည့် ဘက်ပေါင်းစုံကနေ ပြည်သူနဲ့ စစ်ဘေးရှောင်တွေအတွက် ခြေလှမ်းလာမည့် လုပ်ဆောင်လာသည့် အရာအားလုံးကို ဘာမှမသိနားမလည်ပဲ $ ဖောင်းထုကြဖို့ မလုပ်ကြနဲ့


ဒါဟာ NDAA အချက်ပါအတိုင်း မိမိအစိုးရ NUG ဟာ တသွေမတိမ်း လိုက်နာ လုပ်ဆောင်ပြပြီး ဘိုင်ဒန် ၁၃၆ သန်းကျော် ချထားပေးမှု အချက် စနက်ပါတွေကို အကောင်ထည်ဖော် လုပ်ဆောင်ပြနေခြင်းလည်း ဖြစ်တယ်


ဒါကို မသိပဲ စစ်ရေးဦးစားမပေးဘူးတို့ ဘာပြုညာပြု အရာမထင်တာတွေ လျောက်လုပ်နေတာပဲဆိုရင် နောက်ထပ် ရလာ အကူညီပေးလာမည့် နည်းပညာနဲ့ စစ်ရေးအတွက် ထောက်ကူတွေပါ လက်လွှတ်ကြရလိမ့်မယ်


ဒီတော့ နားမလည် မသိရင် အောက်ပါ အချက် အရာတွေကို အသေးစိတ် ရေးရှင်းပြထားမှုများကို ဖတ်ရှု့လေ့လာပြီး စစ်ရေး အရင်မလုပ်ဘူးလားတို့ စသည်နဲ့ ဖောင်းထု ဝေဖန်မှုမျိုးတွေနဲ့ ထိုသို့ရေး အပုတ်ချနေသော လမ်းလွှဲနေသော သူတွေရဲ့ စာတွေဖတ်ပြီး နားမယောင်ကြစေဖို့ ခုထဲက ကြိုပြောထားပါရစေ


ချုပ်ရရင် NUG ဟာ သူ့အလုပ် သူသိတယ် လိုအပ်တာတွေကို သူတို့ဘာသာ အလိုက်သင့် စီစဉ်ပြီး NDAA အချက်ပါအတိုင်း အထောက်ကူတိုင်း လိုက်ရော ညီထွေစွာနဲ့ ရေကန်အသင့်ကြာအသင့်ဖြင့် အကောင်ထည်ပုံဖော် ဆောင်ရွက်သွားကြပါလိမ့်မည်ဆိုတာ သိရှိကြဖို့ အသိပေးလိုခြင်းပါ !

#မင်းတော်ဝင် 


#မြန်မာနိုင်ငံအတွက်အမေရိကန်ရဲ့အကူအညီ


၁။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ သမ္မတဘိုင်ဒင်လက်မှတ်ရေးထိုး ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစားရိတ် ခွဲဝေသတ်မှတ်တဲ့ဥပဒေ The Consolidated Appropriations Act 2023 (CAA) ဟာစာမျက်နှာပေါင်း ၄၁၅၅ မျက်နှာရှိပါတယ်။


Burma Act ပါတဲ့ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစားရိတ်နဲ့ဆိုင်တဲ့ဥပဒေ (NDAA 2023) ဟာလည်း အဲဒီဥပဒေထဲက တစိတ်တပိုင်းဖြစ်သလို၊ Burma Act ဟာလည်း NDAA 2023 အထဲကတစိတ်တပိုင်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဥပဒေတွေအားလုံးဟာ ဆက်စပ်မှုရှိပါတယ်။


ဒါကြောင့် အရပ်သားစကားနဲ့ လွယ်လွယ်နဲ့ရှင်းအောင်ပြောရရင် CAA ဆိုတာ အိမ်ကြီးတဆောင်ဖြစ်ပြီး၊ NDAA ဆိုတာက အဲဒီအိမ်ကြီးထဲက အထပ်တထပ်ဖြစ်ပါတယ်။ Burma Act ဆိုတာကလည်း အဲဒီအိမ်ကြီးရဲ့ အထပ်တထပ်ထဲကမှ အခန်းလေးတခန်းဘဲဖြစ်ပါတယ်။


ဘားမားအက်အကြောင်း အောက်ကလင့်ခ်မှာဖတ်နိုင်ပါတယ်။


https://m.facebook.com/story.php?story_fbid=3227998134121163&id=100007330230922&mibextid=Nif5oz


၂။ NDAA ထဲက Burma Act ထဲမှာမြန်မာပြည်အတွက် ငွေကြေးဘယ်လောက်ထောက်ပံ့မယ်ဆိုတာ အတိအကျမပါပေမယ့် အခုနောက်ဆုံး အတည်ပြုပြဌာန်းလိုက်တဲ့ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစားရိတ် ခွဲဝေသတ်မှတ်တဲ့ဥပဒေထဲမှာတော့ မြန်မာပြည်အတွက် ဒေါ်လာ ၁၃၆ သန်း (၁၃၆,၁၂၇,၀၀၀) ကို Section.7043 အရ East Asia and the Pacific ဆိုတဲ့ခေါင်းစဉ်အောက်ကနေ အသုံးပြုခွင့်ပေးထားပါတယ်။


ဒါကြောင့်လည်း လူတော်တော်များများကရော သတင်းဌာနတွေကပါ #မြန်မာပြည်အတွက်ဒေါ်လာ၁၃၆သန်းရမယ် ဆိုပြီးလွယ်လွယ်ပြောနေကြတာဖြစ်ပါတယ်။ တကယ်တော့ ဒီလောက်ထဲမဟုတ်သလို အဲဒီဥပဒေပါအခြား Section တွေအရလည်း အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။


ဒါကြောင့် အဲဒီဥပဒေကြီးထဲက အရေးပါတဲ့၊ မြန်မာနိုင်ငံနှင့်သက်ဆိုင်တဲ့ Title တွေ၊ Section တွေ၊ အခန်းတွေ၊ ပုဒ်မတွေကို တခုခြင်းနားလည်လွယ်‌သွားအောင် အကျဥ်းရုံးရှင်းပြ‌ပေးသွားပါမယ်။


၃။ စာမျက်နှာ စုစုပေါင်း ၄၁၅၅ မျက်နှာရှိတဲ့ ၂၀၂၃ ခုနှစ်အတွက် အမေရိကန်အစိုးရအသုံးစားရိတ် ခွဲဝေသတ်မှတ်တဲ့ဥပဒေထဲက “DIVISION K- DEPARTMENT OF STATE, FOREIGN OPERATIONS, AND RELATED PROGRAMS APPROPRIATIONS ACT, 2023” ဆိုတဲ့ဥပဒေဟာ စာမျက်နှာ ၁၂၈၀ ကစပြီး USAID ရဲ့စီမံခန့်ခွဲမှုနှင့်သက်ဆိုင်တဲ့ TITLE. 2 UNITED STATES AGENCY FOR INTERNATIONAL DEVELOPMENT ဆိုတဲ့ခေါင်းစဉ်နဲ့ စာမျက်နှာ ၁၃၀၄ ကစပြီး‌ရေးထားတာဖြစ်ပါတယ်။


အဲဒီခေါင်းစဉ်အောက်က Section. 667 Foreign Assistance Act of 1961 အရသုံးစွဲခွင့်ပေးထားတဲ့ ဒေါ်လာ ၁၇၄၃ သန်း (၁,၇၄၃,၃၅၀,၀၀၀) ထဲမှာဒေါ်လာ ၂၆၁ သန်း (၂၆၁,၅၀၃,၀၀၀) အထိကျန်နေသေးပြီး စက်တင်ဘာ ၃၀၊ ၂၀၂၄ အထိသုံးစွဲခွင့်ရှိနေပါတယ်။ အဲဒီငွေထဲမှလည်း နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ “Operating Expenses” ဆိုတဲ့ခေါင်းစဉ်နှင့် ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်။


၄။ စာမျက်နှာ ၁၂၈၀ ကစတဲ့ TITLE. 3 Bilateral Economic Assistance ဆိုတဲ့ခေါင်းစဉ်အောက်မှ “Global Health Programs” ဆိုတဲ့ခေါင်းစဉ်နှင့် သမ္မတကိုလည်း အသုံးပြုခွင့်ပေးထားပါတယ်။ စက်တင်ဘာ ၃၀၊ ၂၀၂၄ အထိသုံးစွဲဖို့ ဒေါ်လာသန်း ၄၁၆၅ (၄,၁၆၅,၉၅၀,၀၀၀) ကျန်နေသေးပြီး၊ မိခင်နှင့်ကလေးတွေ၊ စိတ်ကျမ္မာရေးထိခိုက်သူတွေ၊ HIV/AIDS တီဘီ၊ ငှက်ဖျားစတဲ့ရောဂါတွေ၊ Immunization လို့ခေါ်တဲ့ကာကွယ်ဆေးတွေအတွက်အပါအဝင် ကျမ္မာရေးနှင့်ဆိုင်တဲ့ အဖွဲ့အစည်းတွေအတွက် အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။


▪︎ ဒါ့အပြင် HIV/AIDS အတွက်သီးသန့်အသုံးပြုခွင့်ကိုလည်း စက်တင်ဘာ ၃၀၊ ၂၀၂၇ အထိ ဒေါ်လာသန်းပေါင်း ၆၃၉၅ (၆,၃၉၅,၀၀၀,၀၀၀) ကိုသုံးစွဲခွင့်ပေးထားပါသေးတယ်။


▪︎ Development Assistance ဆိုတဲ့ခေါင်းစဉ်အောက်ကနေ စက်တင်ဘာ ၃၀၊ ၂၀၂၄ အထိ ဒေါ်လာသန်းပေါင်း ၄၃၆၈ (၄,၃၆၈,၆၁၃,၀၀၀) အထိသုံးစွဲခွင့်ရှိပါတယ်။

▪︎ International Disaster Assistance ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဒေါ်လာသန်း ၃၉၀၅ (၃,၉၀၅,၄၆၀,၀၀၀) ကို ဒီဥပဒေအတည်ပြုပြီးရက်ပေါင်း ၆၀ အတွင်းစတင်အသုံးပြုနိုင်သလို ၎င်းငွေကုန်သွားသည်အထိ အသုံးပြုနိုင်ပါတယ်။


▪︎ Transition Assistance ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဒေါ်လာသန်း ၈၀ (၈၀,၀၀၀,၀၀၀) ကိုလည်း ၎င်းငွေကုန်သွားသည်အထိ အသုံးပြုနိုင်ပါတယ်။


▪︎ Complex Crisis Fund အတွက်က ဒေါ်လာသန်း ၆၀ (၆၀,၀၀၀,၀၀၀) ကို ၎င်းငွေကုန်သွားသည်အထိ အသုံးပြုနိုင်ပါတယ်။


▪︎ Economic Support Fund ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ဒေါ်လာသန်း ၄၃၀၁ (၄,၃၀၁,၃၀၁,၀၀၀) ကို စက်တင်ဘာ ၃၀၊ ၂၀၂၄ အထိ သုံးစွဲခွင့်ရှိပါတယ်။


▪︎ Democracy Fund အတွက်က ဒေါ်လာသန်း ၂၂၂ ကျော် (၂၂၂,၄၅၀,၀၀၀) ကို NED မှတဆင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအတွက် စက်တင်ဘာ ၃၀၊ ၂၀၂၄ အထိ သုံးစွဲခွင့်ရှိပါတယ်။


ဒါ့အပြင် နောက်ထပ်ဒေါ်လာသန်း ၁၃၃ ကျော် (၁၃၃,၂၅၀,၀၀၀) ကိုလည်း NED နှင့် USAID ကတဆင့်သုံးစွဲခွင့်ပေးထားတာဖြစ်ပါတယ်။


▪︎ ဥရောပနှင့် အာရှအလယ်ပိုင်းအတွက်ကိုလည်း ဒေါ်လာသန်း ၅၀၀ ကျော် (၅၀၀,၃၃၄,၀၀၀) သုံးစွဲခွင့်ပေးထားတာဖြစ်ပါတယ်။


▪︎ နိုင်ငံခြားရေးဌာနမှ Migration and Refugee Assistance ခေါင်းစဉ်နှင့် အစ္စရေးအတွက် ဒေါ်လာ ၅ သန်း အသုံးပြုခွင့်ရှိသေးသလို…၊

Peace Corp အပါအဝင် Millennium Challenge Corporation နှင့် အာဖဂန်ဖွံ့ဖြိုးတိုးတက်ရေးစတဲ့… စတဲ့ခေါင်းစဉ်တွေအောက်ကနေ ကဏ္ဍတခုခြင်းကို ရံပုံငွေသန်းချီချပေးထားတာဖြစ်ပါတယ်။


၅။ စာမျက်နှာ ၁၃၂၄ ကစတဲ့ TITLE. 4 မှာတော့ INTERNATIONAL SECURITY ASSISTANCE ဆိုတဲ့အကူအညီတွေအတွက် နိုင်ငံခြားရေးဝန်ကြီးကို လုပ်ပိုင်ခွင့်/အသုံးပြုခွင့် အပြည့်အဝပေးထားပါတယ်။


TITLE. 5 MULTILATERAL ASSISTANCE ဆိုတဲ့အကူအညီတွေအတွက်လည်း နိုင်ငံခြားရေးဝန်ကြီးကို လုပ်ပိုင်ခွင့်/အသုံးပြုခွင့် အပြည့်ပေးထားတာဖြစ်ပါတယ်။


၆။ ဒါ့အပြင် စာမျက်နှာ ၁၃၄၄ ကစတဲ့ TITLE. 7 GENERAL PROVISIONS ဆိုတဲ့ခေါင်းစဉ်အောက်က “Department of Defense Program and Funding Notifications” ဆိုတဲ့ခေါင်းစဉ်နဲ့ အကူအညီပေးမယ့်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကိုလည်း အကူအညီပေးဖို့ စာမျက်မှာ ၁၃၇၂ မှာဖေါ်ပြထားတာဖြစ်ပါတယ်။


စာမျက်နှာ ၁၄၂၀ မှစတဲ့ SPECIAL PROVISIONS ဆိုတဲ့ခေါင်းစဉ်အောက်က…


Section. 7034 (a) အရ မြန်မာနိုင်ငံက စစ်ပွဲကြောင့် ဒုက္ခရောက်ရသူတွေ၊ စစ်ဘေးရှောင်ကလေးတွေနှင့် အိုးအိမ်မဲ့တွေ၊ စစ်ပွဲကြောင့် လူကုန်ကူးခံရသူတွေ စသည်တို့ကိုကူညီဖို့ ခွင့်ပြုထားပါတယ်။


Section. 7034 (b) အရ Forensic Assistance ခေါင်းစဉ်အောက်မှာ “Economic Support Fund” ဆိုတဲ့ခေါင်းစဉ်ပါရှိပြီး နိုင်ငံပေါင်းစုံအတွက် ဒေါ်လာသန်း ၂၀ ထက်မနည်းအကူအညီပေးဖို့ ပါရှိပါတယ်။


၇။ စာမျက်နှာ ၁၃၇၉ ကစတဲ့ East Asia and the Pacific ဆိုတဲ့ခေါင်းစဉ်အောက်က…


Section.7043 အရ


▪︎ (1) (a) BURMA ဆိုပြီး ဒေါ်လာ ၁၃၆ သန်းကျော် (၁၃၆,၁၂၇,၀၀၀) ကို မြန်မာပြည်အတွက် အသုံးပြုခွင့်ပေးထားတာဖြစ်ပါတယ်။


(b) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ထူထောင်ရန်၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၏ စီမံခန့်ခွဲရေးလုပ်ငန်းများနှင့် အစီအစဉ်များအတွက် ထောက်ပံ့ကူညီဖို့။


(c) ကချင်၊ ချင်း၊ မွန်၊ ကရင်၊ ကရင်နီ၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ကျား မ ခွဲခြားမှုပပျောက်စေဖို့၊ တိုင်းရင်းသားအရေး၊ ညီညွှတ်ရေး၊ တာဝန်သိတတ်မှုရှိ‌စေဖို့နှင့် သည်းခံနိုင်မှုရှိစေဖို့။


(d) ထိုင်းအခြေစိုက် အစားအစာ ဆေးဝါးနှင့် IDP တွေအတွက် အခြားလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနေကြတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေကို “Migration and Refugee Assistance” ခေါင်းစဉ်အောက်ကနေအကူအညီပေးဖို့။


(e) မအလ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေအတွက် အထောက်အထားအချက်အလက် ရှာဖွေဖို့၊ စုံစမ်းစစ်ဆေးရေးအတွက် အကူအညီပေးဖို့။

Section.7043 စာမျက်နှာ ၁၄၈၁ မှာတော့…


▪︎ (2) International Security Assistance ဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ စစ်ရေး လေ့ကျင့်ရေး အထောက်အပံ့တွေပါမှာမဟုတ်ကြောင်း၊ အဲဒါတွေအတွက်ရမှာမဟုတ်ကြောင်း။


▪︎ (3) အဲဒီအကူအညီတွေကို မအလစစ်အုပ်စုအပါအဝင် စစ်အုပ်စုနှင့်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့အစည်းတွေကို ပေးမှာမဟုတ်ကြောင်း။


အဲဒီအကူအညီတွေကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး/ဝန်ကြီးဌာန၊ NED နှင့် USAID တို့ရဲ့ဆုံးဖြတ်ချက်နဲ့ပေးမှာဖြစ်ကြောင်း။

▪︎ (4) နောက်ထပ်လုပ်ရှားဆောင်ရွက်မယ့် အစီအစဉ်သစ်တွေအတွက် သက်ဆိုင်ရာလွှတ်တော်ကော်မတီရဲ့ အကြံပြုချက်များအပေါ်မူတည်ပြီး ဆောင်ရွက်နိုင်ကြောင်း ပါရှိပါတယ်။ ။


အထက်ကဖေါ်ပြချက်တွေဟာ NDAA နှင့် Burma Act တွေထဲက မြန်မာပြည်အတွက် အမေရိကန်ရဲ့ ၂၀၂၃ ခုနှစ်အတွက်ပေးမယ့် အကူအညီတွေဖြစ်ပါတယ်။ သက်ဆိုင်သူများ ကျွမ်းကျင်စွာ ပါးနှပ်စွာနှင့် ရရှိတဲ့အခွင့်အရေးကို ရယူ အသုံးချတတ်ဖို့လိုပါတယ်။ ပိုမိုသိလိုက ဆက်သွယ်နိုင်ပါတယ်။ မြန်မာစကားပုံတချို့ကိုလည်း စဉ်းစားနိုင်အောင်ပြန်လည်တင်ပြလိုက်ပါတယ်။


“မသိလျှင် မေး၊ မစင်လျှင် ဆေး”


“မိုးရွာတုန်း ရေခံ၊ မိုးလွန်မှ ထွန်မချနဲ့”


“အချိန်နှင့် ဒီရေသည် လူကိုမစောင့်” တဲ့…


မိမိရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားတဲ့လူတိုင်း ကျွန်တော့်မူရင်းလင့်ခ်မပါဘဲ ကိုယ်ရေးသလို ပြန်လည်ကူးယူဖေါ်ပြခြင်းမလုပ်ကြဖို့နှင့်၊ မည်သူမဆို မူရင်းလင့်ခ်နှင့်အတူ လွတ်လပ်စွာဖြန့်ဝေနိုင်ပါကြောင်း ခင်မင်စွာအသိပေးအပ်ပါတယ်။


#stevensanyu


ဒီဇင်ဘာလ ၃၀ ရက်၊ ၂၀၂၂ (အခြားအစည်းအဝေးကိစ္စတွေနှင့် အချိန်အခက်အခဲကြောင့် ရက်အနည်းငယ် နောက်ကျသွားပါတယ်)


#Steven Sanyu

စာရေးသူ-crd–ပေးပါတယ်–


>