သူဌေးတစ်ဦးကို ခြေထောက်ပုံပို့ရုံနဲ့ (၃၇) သိန်း ရပြီး သူငယ်ချင်း (၁၅) ဦးကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ သူ

2019-10-10 10:09:09


သူဌေးတစ်ဦးကို ခြေထောက်ပုံပို့ရုံနဲ့ (၃၇) သိန်း ရပြီး သူငယ်ချင်း (၁၅) ဦးကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ သူ

သူဌေးတစ်ဦးကို ခြေထောက်ပုံပို့ရုံနဲ့ (၃၇) သိန်း ရပြီး သူငယ်ချင်း (၁၅) ဦးကို လက်ဆောင်ဝယ်ပေးခဲ့တဲ့ သူ


ကျောင်းသူတစ်ဦးဟာ သူဌေးတစ်ဦးကို ခြေထောက်ပုံပို့ပြီး ဒေါ်လာ (၂၅၀၀) ၊ (၃၇) သိန်း ရရှိခဲ့တာကြောင့် သူ့ရဲ့ သူငယ်ချင်း (၁၅) ဦးကို အဝတ်အစား လက်ဆောင် ဝယ်ပေးခဲ့ပါတယ်။


(၂၁) နှစ်အရွယ် အေမီ ဝီလံ (Amy Williams) ဟာ သူ့ရဲ့ လူမှုကွန်ရက် တွစ်တာအကောင့်မှာ ပိုက်ဆံ မရှိတော့ဘူးလို့ စာတင်ပြီးနောက် ရစ်ချာ (Richard) လို အမည်ရတဲ့ သူဌေးတစ်ဦးက သူ့ကို ပိုက်ဆံပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။


Thesun သတင်းက သူဌေး ရစ်ချာဟာ အေမီကို ခြေထောက်ပုံ ပို့ဖို့ ပြောခဲ့ပြီး နောက်ထပ် အခြား ဘာကိုမှ မတောင်းဆိုဘူးလို့ ဖော်ပြခဲ့ပါတယ်။ အေမီဟာ ဥပေဒ ကျောင်းသူ ဖြစ်ပြီး သူဌေး ရစ်ချာကို ခြေထောက်ပုံ ပို့ပြီး (၃၇) သိန်း ရခဲ့ပါတယ်။ သူမက ရစ်ချာကို အရင် ပိုက်ဆံ လွဲပေးဖို့ ပြောခဲ့ပါတယ်။


ရစ်ချာက ပိုက်ဆံ အရင်ဆုံး လွဲပေးပြီးနောက် အေမီက သူ့မရဲ့ ခြေထောက်ကို ဓါတ်ပုံ ရိုက်ပြီး ပြန်လည် ပို့ခဲ့ပါတယ်။သူမက “ကျွန်မ တွစ်တာမှာ ဘိုင်ပျက်နေပါပြီ၊ သူဌေးတစ်ဦး လိုချင်တယ်လို့ ရေးခဲ့ပြီး ရစ်ချာက ကျွန်မကို တိုက်ရိုက် စာပို့ခဲ့ပါတယ်။


သူက ကျွန်မရဲ့ ခြေထောက်ပုံကို သူဆီ ပို့ဖို့ ပြောတော့ လျှောက်ပြောနေတာလို့ ထင်ခဲ့ပါတယ်။ ဒီတော့ ကျွန်မက သူ့ကို ပိုက်ဆံ အရင် ပို့ပေးဖို့ ပြောခဲ့ပါတယ်။ သူက သူ့ရဲ့ငွေချေးကဒ်ကို ပို့ပေးပြီး သုံးချင်သလောက် သုံးပါလို့ ပြောခဲ့ပါတယ်”လို့ TheSun သတင်းမှာ ပြောပြသွားခဲ့ပါတယ်။