ရုပ်သံကိုရှိုးလိုက်…အဝစားပဲ…အားရပါးရကို ကြွေးတာ


ရုပ်သံကိုရှိုးလိုက်…အဝစားပဲ…အားရပါးရကို ကြွေးတာ

မတ္တရာမှာ ခိုးရာပါ ပစ္စည်းသယ် စစ်ကားတန်းကို မိုင်းဆွဲတိုက်ခိုက်၊


စစ်အုပ်စုက မတ္တရာ တနယ်လုံးကို ပိတ်ဆို့ထားပြီး ဒီနေ့ ကျေးရွာခုနှစ်ရွာကို စီးနင်းလုယက်၊


မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ခိုးရာပါ ပစ္စည်းသယ် စစ်ကားတန်းကို ဒီနေ့ မန္တလေး – မိုးကုတ် လမ်းပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မတ္တရာနယ် ကောင်းကင်တော်လှန်ရေး အင်အားစုက သတင်းထုတ်ပြန်ပါတယ်။


ဒီနေ့ နိုဝင်ဘာ(၁၃)ရက်မှာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာဘက်ကနေ မန္တလေး – မိုးကုတ် ကားလမ်းအတိုင်း မတ္တရာလက် မောင်းနှင်လာတဲ့ ခိုးရာပပစ္စည်းသယ် စစ်ကား ခုနှစ်စီးကို ပြင်ဦးလွင်ခရိုင် ပကဖ၊ စဉ့်ကူး ပကဖ နှင့် ကောင်းကင် တော်လှန်ရေး အင်အားစုတို့ ပူးပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“လက်ပန်လှမှ ဆင်းလာသော စကစ ကားခုနှစ်စီးအား မတ္တရာမြို့နယ် ဘိုးတော်တောင်အနီး မိုင်းဆွဲတိုက်ခိုက်။ အထိခိုက် အကျအဆုံး မသိရသေးပါ။ ကာကွယ်ရေး ရဲဘော်များ လုံချုံတဲ့နေရာ ရောက်ရှိ” လို့ ကောင်းကင်တော်လှန်ရေး အင်အားစုက ဖော်ပြပါတယ်။


စစ်အုပ်စုဟာ လွန်ခဲ့တဲ့ လတွေကတည်းက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့ သောင်းကျန်းနေတာ ဖြစ်ပြီး လက်ရှိမှာ မတ္တရာနယ် ဧရာဝတီမြစ်ရိုးက ရွာတွေ အပါအဝင် မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်အစပ်က ရွာတွေကို စီးနင်းကာ မတ္တရာတစ်နယ်လုံးကို အင်အား အများအပြားနဲ့ ပိတ်ဆို့ထားပြီး ထင်တိုင်းကျဲ စီးနင်းလုယက် သောင်းကျန်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။


စစ်အုပ်စုဟာ ဒီနေ့ ဒီဇင်ဘာ(၁၃)ရက် တနေ့တည်းက မတ္တရာနယ်က ကျေးရွာ ခုနှစ်ရွာထက် မနည်းကို စီးနင်းဝင်မွှေ လုယက်နေပြီး ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။


“အခုလောလောဆယ် ခွေးတွေက မတ္တရာနယ် ကံဖြူရွာမှာ တပ်စွဲထားပါတယ်။ ဒီကနေ့ မတ္တရာ အရှေ့ခြမ်းက လက်ကောင်းကြီး၊ ဆိတ်သာ၊ ရွေးစု၊ သဖန်းကိုင်းရွာတွေထဲ စီးနင်းဝင်မွှေနေပါတယ်။ အနောက်ခြမ်းမှာဆိုလည်း စိန်ပန်းကုန်း၊ သုံးဆယ်ပေး၊ ဒေါင်းကျွန်း ရွာတွေထဲ ဝင်မွှေနေတယ်။ ခွေးတွေလာတယ်ဆိုကတည်းက ပြည်သူတွေကတော့ အားလုံး ထွက်ပြေးနေရပါတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။


စစ်အုပ်စုဟာ လွန်ခဲ့တဲ့ လတွေကတည်းက မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူ၊ နေအိမ်မီးရှို့ သောင်းကျန်းနေတာ ဖြစ်ပြီး လက်ရှိမှာတော့ မတ္တရာတစ်နယ်လုံးကို အင်အား အများအပြားနဲ့ ပိတ်ဆို့ထားကာ အပိုင်းလိုက်ခွဲပြီး စီးနင်းလုယက် သောင်းကျန်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။


မတ္တရာနယ်ထဲ ရွာစဉ်ပတ်မွှေ လုယက် သောင်းကျန်းနေတဲ့ စစ်အုပ်စုဟာ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူ လုယက်ပြီး ခိုးရာပါ ပစ္စည်းတွေကို စစ်ကားတွေနဲ့ သယ်ထုတ်နေတာ ဖြစ်ပါတယ်။


ရုပ်သံကိုရှိုးလိုက်…အဝစားပဲ…အားရပါးရကို ကြွေးတာ


>