ကမ္ဘာ့အရက်စက်ဆုံး လူသတ်ရာဇာ အမျိုးသမီး (၉၃)ဦးကို အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့

2019-10-10 01:13:40


ကမ္ဘာ့အရက်စက်ဆုံး လူသတ်ရာဇာ အမျိုးသမီး (၉၃)ဦးကို အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့

ကမ္ဘာ့အရက်စက်ဆုံး လူသတ်ရာဇာ အမျိုးသမီး (၉၃)ဦးကို အဓမ္မကျင့်ပြီး သတ်ပစ်ခဲ့


အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်၊ ရိုင်နိုးလ်ဇာတိဖွား Samuel Little အမည်ရ (၇၉)နှစ်အရွယ် အဖိုးအိုဟာ အခုဆိုရင် ငယ်ငယ်က မိုက်ပြစ်တွေကြောင့် ကယ်လီဖိုးနီးယား ပြည်နယ်အကျဉ်းထောင်မှာ လွတ်ရက်မရှိထောင်ဒဏ်ကို ကျခံနေရပါတယ်။


သူဟာ အမျိုသမီးငယ် (၈)ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ရာက ထောင်ဒဏ်လွတ်ရက်မရှိ စီရင်ချက် ချမှတ်ခံခဲ့ရတာပါ။ ဒါပေမယ့် မကြာသေးခင်က Little ဟာ သူဟာ ဒီထက်မကတဲ့ လူသတ်မှုတွေကို ကျူးလွန်ထားခဲ့ကြောင်း ထပ်မံဖြောင့်ချက်ပေးခဲ့တာကြောင့် အကျဉ်းထောင်အရာရှိတွေအဖို့ ဦးနှောက်ခြောက်ခဲ့ရပါတယ်။