အသက်မပြည့်သူ ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယား ပြုကျင့်

2019-10-10 01:07:07


အသက်မပြည့်သူ ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယား ပြုကျင့်

အသက်မပြည့်သူ ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယား ပြုကျင့်


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် ၆ တန်း ကျောင်းသူ အသက် ၁၄ နှစ်အရွယ်ကို ခယ်အိုဖြစ်သူမှ ခြိမ်းခြောက်ပြီး ၁၅ ကြိမ်ထက်မနည်း အလိုမတူပဲအာဓမ္မပြု မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် အောက်တိုဘာ ၉ ရက်က မိဘများမှ ၎င်းတို့မရှိခိုက် ၆ တန်းကျောင်းသူ အသက် ၁၄ အရွယ်ရှိ မိန်းကလေးငယ်ကို ကျောင်းတက်ဖို့ အတွက်အစ်မဖြစ်သူ မမာမာလွင် အိမ်ကိုပို့ထားစဉ် မမာမာ လွင်မရှိခိုက် ပြန်ပြောရင် သတ်ပစ်မည် ဟုဆိုကာ ခြိမ်းခြောက်၍ ၁၅ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိဘများကို ပြောပြခြင်းဖြစ် ကြောင်းသိရသည်။


အဓမ္မပြုကျင့်ခံရသူ အသက် ၁၄ နှစ် အရွယ် ၆ တန်းကျောင်းသူမှာ အဆိပ် သောက်မည်ဟုဆိုကာ ကြံရွယ်စဉ် မိဘ များမှမေးမြန်သဖြင့် ခယ်အိုဖြစ်သူမှ အစ်မမရှိချိန် အဓမ္မပြုကျင့်တာဖြစ် ကြောင်း ပြောပြခြင်းဖြစ်သည်။


အဓမ္မပြုကျင့်သူ အမျိုးသားမှာအသက်(၁၄)နှစ်အရွယ် (၆)တန်းကျောင်းသူ၏အစ်မ မမာမာလွင်၏အမျိုးသား ဖိုးသား(ခ)မင်းဦး(၃၆)နှစ်ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ မိဘများမှ တိုင်ကြားချက်အရ မြောင်းမြမြို့မရဲစခန်းတွင် ဖိုးသား(ခ)မင်းဦး(၃၆)နှစ်အား ၉.၁၀.၂၀၁၉ရက်နေ့တွင် (ပ)၇၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်းသိရသည်။


သတင်း တာဝန်ခံ – ကျော်ခေတ်လင်း -#AlinnMyay(အလင်းမြေ)