နေရင်းထိုင်ရင်း တရားခံဖြစ်သွားနိူင်တဲ့ ဒီလိုအမှုမျိုး ဆင်ခြင်သတိလေးထားပြီး နေကြပါ

2019-10-10 00:31:01


နေရင်းထိုင်ရင်း တရားခံဖြစ်သွားနိူင်တဲ့ ဒီလိုအမှုမျိုး ဆင်ခြင်သတိလေးထားပြီး နေကြပါ

နေရင်းထိုင်ရင်း တရားခံဖြစ်သွားနိူင်တဲ့ ဒီလိုအမှုမျိုး ဆင်ခြင်သတိလေးထားပြီး နေကြပါ


ဖြိုးပြည့်စုံတို့အမှုက လူသိများတဲ့အပြင်ဝေဖန်သံတွေ ဆူညံနေလို့ သတိထားရမှာကို လူတွေသိလာတာပါ။ဒီမတိုင်ခင်ထဲက သတင်းပေးရင် ဝင်ဖမ်းလို့ စစ်လို့နေတာတွေ ကြုံနေရတဲ့သူ အများကြီးပါ။ တချို့အစစ်ခံရတယ်။


ဘာမှလဲ မတွေ့ဘူး အဲလို အတိုင်ခံရလို့ လာစစ်ရင် ဘာတွေဆောင်ရန် ရှောင်ရန်လိုသလဲဆိုတာ တခါက ရေးဖူးပါတယ်။ အတိုချုံးပြောရရင် မစစ်ခင် သူတို့လာစစ်သူတွေကို အရင်စစ်ခွင့်ရှိပါတယ်။ ကိုယ့်ကို သို့ ကားကို သို့ အိမ်ကို စစ်တော့မယ်ဆိုရင်လဲ ဘယ်နှယောက်စစ်မှာလဲ။ အဲလူကလွဲပီး တခြားလူ ဝင်မစစ်ပါစေနဲ့။


အိမ်ထဲခြံထဲဆို လူပိုကို အဝင်မခံပါနဲ့။ စစ်နေချိန်မှာ video ရိုက်ထားပါ။ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ ရှိပါစေ။မူးယစ်မှုတွေမှာက သတင်းပေးကို လျို့ဝှက်ထားရပါတယ်။ ဒါကြောင့် ပြန်တရားစွဲဖို့က ခက်ပါတယ်။ နောက်ပီး ဥပဒေရဲ့ အားနည်းချက်အရ ထောင်ထဲနေရတဲ့အချိန်၊ အချုပ်ကျချိန်တွေက အစားပြန်မရသလို နစ်နာကြေးလဲ မရပါဘူး။ သူများတိုင်းပြည်တွေမှာတော့ ပြန်တရားစွဲကြပါတယ်။


ဒီအမှုဖြစ်စဉ်ကတော့ သတင်းပေးတိုင်တယ်။ မူးယစ်က ဝင်ဖမ်းတော့ ဆေးပြားတွေတွေ့တယ်ဆိုပီး ဖမ်းသွားတယ်။ စခန်းကျတော့ မူးယစ်အဖွဲ့က Test Stick နဲ့ စစ်ပါတယ်။ အကြမ်းဖျင်း စစ်တဲ့သဘောပါ။ အရောင်အလိုက် ဘာအရောင်ဆို ဘာဆေးပေါ့။ ဒါက ယေဘုယျ စစ်တာပါ။ မတိကျပါဘူး။ အဲမှာ Ketamine နဲ့ တူတယ် ဆိုပီး သတ်မှတ်ပီး အမှုဖွင့်ပါတယ်။


နောက်နေ့ ရမန်ယူပါတယ်။ အမှုဖွင့်ပီးပီဆိုရင် CID အောက်က ဓာတုဝန်ရုံးကို တရားဝင်ပို့ပီး စစ်လို့ရပါပီ။ ဒီတော့ ဆေးပြားနဲ့ ဆီးကို ပေးပို့စစ်ဆေးပါတယ်။ သူတို့ကတော့ အတိကျဆုံးပါ။ သူတို့ဆီက ပြန်လာတဲ့အဖြေက ဘာမူးယစ်ဆေးမှ မပါဘူးဆိုတော့ လွှတ်ပေးရပါတယ်။ ရုံးရောက်နေပီဖြစ်လို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၆၉အရ အပြီးပြန်လွှတ်ပေးလိုက်တာပါပဲ။ ဒါပါပဲ။


သတိထားရမှာက နိုင်ငံတော်က မူးယစ်ဆေးကို အပြင်းအထန် နှိမ်နင်းနေပါတယ်။ မူးယစ်အဖွဲ့တွေကိုလဲ လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ ဒီတော့ ကိုယ့်ကို မလိုသူတွေက အမှုဆင် တိုင်ကြားနိုင်ပါတယ်။ ဒီတော့ သူငယ်ချင်းကားတွေ ဘာတွေ ကပ်စီးရင်လဲ ဂရုစိုက်ပါ။ ကိုယ့်ကားကို သူများပေးစီးရင်လဲ ဂရုစိုက်ပါ။ ကိုယ့်အသုံးအဆောင်တွေကိုလဲ အမြဲ ဂရုစိုက် စစ်ပေးပါ။


သူများကားကပ်စီးနေတုန်း တစုံတရာတွေ့ရင် ကိုယ်ပါ အမှုတွဲထဲ ပါနေမှာဖြစ်သလို ကိုယ့်အိတ်ထဲ တွေ့ရင်လဲ ရှင်းမရတော့ပါဘူး။ အနည်းဆုံး ၅ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ကျနေပါမယ်။ နေရင်းထိုင်ရင်း တရားခံဖြစ်သွားနိူင်တဲ့ အမှုမျိုးပါ။ ဆင်ခြင်သတိလေးထားပီး နေကြပါလို့ တိုက်တွန်းလိုက်ပါရစေ။


Glamour- စွဲမက်