ပရိသတ်ကြီးရေ သရုပ်ဆောင် ပပဝင်ခင် ကတော့ ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကာပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး တစ်ယောက်ပဲဖြစ်ပါတယ်နော်။
ထူးခြားတဲ့ အသံကိုပိုင်ဆိုင်ထားပြီး သရုပ်ဆောင်လည်းကောင်းမွန်တာကြောင့် ပရိသတ်အခိုင်မာရရှိထားသူလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ပပဝင်းခင် က ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကိုင်နေပြီး အနုပညာ အလုပ်တွေလည်း အနည်းငယ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။အလှူအတန်းလည်း အမြဲလုပ်နေတဲ့ ပပဝင်းခင်က မှော်ဘီမှာရှိတဲ့ မေတ္တာရံသီ သီလရှင်စာသင်တိုက်မှာ လှူဒါန်းမှုများပြုခဲ့ပါတယ်။
အလှူနှင့်ပတ်သတ်ပြီး ပပဝင်းခင်က” ဒီနေ့ ပပတို့ မိသားစု မှော်ဘီမှာရှိသော မေတ္တာရံသီ သီလရှင်စာသင်တိုက်မှာ ဆရာလေးအားလုံးအတွက် ဝတ္ထုအလှူ , သာသနာ့မြေအတွက် ဝတ္ထုအလှူ , ဗမာကြက် ထောပတ်ထမင်း( ကိုညီနန္ဒထောပတ်ထမင်း )အလှူ , အချိုပွဲအလှူ, တခြားလှူဖွယ်များကို လှူဒါန်းခဲ့ပါတယ် ပပရဲ့ ချစ်ရပါသော ငယ်ချစ်ဦးလေးတွေ အားလုံးးးး ထပ်တူကုသိုလ်များရကြပါစေ ”ဆိုပြီး လူမှဒကွန်ယက်မှာတင်ထားတာလေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Photo Pa Pa Win Khin